မြဝတီမြို့၊ မဲ့ထော်သလေးကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားနေ

PUBLISHED - December 27, 2021
မြဝတီ၊ ဒီဇင်ဘာ ၂၇ (People Media)
ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲ့ထော်သလေးကျေးရွာအနီး၌ ယနေ့ နံနက် ၄ နာရီအချိန်ခန့်မှ စတင်ပြီး တိုက်ပွဲ များ ဖြစ်ပွားနေကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိဖြစ်ပွားနေသော တိုက်ပွဲနေရာသည် မြဝတီမြို့အနီးရှိ မဲ့ထော်သလေးနှင့် ဆက်စပ်သည့်နေရာများ၌ တိုက်ပွဲများဖြစ်ပေါ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း ဒေသခံအချို့က ပြောသည်။
လက်ရှိအချိန်၌ မြဝတီမြို့အနီးရှိ ဒေသများ၌ လုံခြုံရေးအဖွဲ့များနှင့် KNU လက်အောက်ခံ KNLA/PDF ပူး ပေါင်းအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်မှုကြောင့် ဒေသခံများသည် ထိုင်းနိုင်ငံဘက်သို့ သွားရောက် ခိုလှုံလျက်ရှိသည်။
တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုများဖြစ်ပေါ်နေသလို ဒေသခံများလည်း နေ့စဉ် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေသည်။
#PeopleMedia #မြဝတီမြို့
(unicode)
မွဝတီမွို့၊ မဲ့ထောျသလေးကြေးရှာအနီး၌ တိုကျပှဲဖွဈပှားနေ
…………………………………………………..