မြဝတီမြို့၊ လေးကေကော်မြို့သစ်၌ တိုက်ပွဲ ဖြစ်ပေါ်နေ

PUBLISHED - December 15, 2021
မြဝတီ၊ ဒီဇင်ဘာ ၁၅ (People Media)
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ မြန်မာပိုင် လေးကောကော်မြို့သစ်၌ ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်မှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။
ဒီဇင်ဘာ ၁၄ ရက်နေ့က အဆိုပါ လေးကေကော်မြို့သစ်၌ တိမ်းရှောင်နေထိုင်လျက်ရှိသည့် NLD အမတ် ဟောင်းများနှင့် အခြားသော လူအချို့ကို တပ်က ဝင်ရောက်စစ်ဆေးဖမ်းဆီးမှု ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ ဖြစ်စဉ် ဖြစ်ပေါ်ပြီး ဒီဇင်ဘာ ၁၅ ရက် ယနေ့ ၁၁ နာရီအချိန်ခန့်၌ လေးကေကော်မြို့သစ်တွင် လက် နက်ကြီး ပစ်ခတ်သံများနှင့် သေနတ်အပြန်အလှန် ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့သည်။
လေးကေကော်မြို့သစ်နေရာ၌ KNLA အဖွဲ့နှင့် တပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပေါ်လျက်ရှိပြီး တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်အဖွဲ့မှ သတင်းထုတ်ပြန်မှု ပြုလုပ်ထားခြင်း မရှိသေးပါ။
Photo – credit
#PeopleMedia #လေးကေကော်မြို့သစ် #KNLA #တပ်မတော်
(unicode)
မွဝတီမွို့၊ လေးကကေောျမွို့သဈ၌ တိုကျပှဲ ဖွဈပေါျနေ
………………………………………………….
Photo – credit