မြဝတီမြို့၌ လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲပြီး တစ်ဦးသေ၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

PUBLISHED - September 21, 2021
မြဝတီ၊ စက်တင်ဘာ ၂၁ (People Media)
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ နေအိမ်တစ်ခု၌ နေထိုင်သူသုံးဦးသည် စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းက လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲခဲ့ရာ တစ်ဦး သေဆုံး၊ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
“နေအိမ်မှာ လက်လုပ်မိုင်းလုပ်ရင်းနဲ့ ပေါက်ကွဲမှုဖြစ်တာလို့တော့ သိရတယ်။ ကျန်တာတွေတော့ မသိသေးဘူး အခုက အဲ့ဒီနားကို ဘယ်သူမှာ မသွားရဲသေးဘူး” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောဆိုသည်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိသူနှစ်ဦးသည် မြဝတီမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူလျက်ရှိသည်။
“ဖြစ်တာကတော့ အမှတ် ၄ ရပ်ကွက် အောင်မြေရွေဘုံ ၂ လမ်းက နေအိမ်တစ်လုံးမှာဖြစ်တာ ဌာနဆိုင်ရာ တွေပြောတာကတော့ နေအိမ်မှာ လက်လုပ်မိုင်းလုပ်ရင်းနဲ့ ပေါက်ကွဲတာ တစ်ဦးကတော့ နေရာမှာတင် သေသွားတယ် ကျန်တဲ့နှစ်ဦးကိုတော့ ဆေးရုံကိုပို့ထားတယ်” ဟု မြဝတီမြို့ ဒေသခံတစ်ဦးက ပြောဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက KNU ထိန်းချုပ်နယ်မြေ၌ လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။
#PeopleMedia #မြဝတီ
(unicode)
……………………………………………………………..