မြဝတီမြို့၌ COVID-19 ကူးစက်ခံရသည့် ၂ နှစ်အရွယ် ကလေးငယ် ရောဂါသက်သာပျောက်ကင်း၍ဆေးရုံဆင်းခွင့်ရ

PUBLISHED - September 24, 2020
ရန်ကုန်၊စက်တင်ဘာ-၂၄
ကရင်ပြည်နယ်၊မြဝတီမြို့၌ COVID-19 ကူးစက်ခံရသည့် ၂ နှစ်အရွယ် ကလေးငယ်သည် ရောဂါသက်သာပျောက်ကင်း၍ စက်တင်ဘာ ၂၄ ရက်နေ့၌ ဆေးရုံဆင်းခွင့်ရသွားခဲ့ပါတယ်။
လက်ရှိအချိန်၌ ဆေးရုံဆင်းခွင့်ရရှိသွားတဲ့ သားငယ်လေးရဲ့ အိမ်အပြန်ခရီးကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)က လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။
အလားတူ အခြားသော တိုင်းဒေသကြီးအချို့၌ ကလေးငယ်အချို့ COVID-19 ကူးစက်ခံရ၍ ဆေးဝါးကုသမှုခံယူရလျက်ရှိပါတယ်။
Photo-မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)
#PeopleMedia #COVID19 #မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဘားအံ
[Unicode]
မြဝတီမြို့၌ COVID-19 ကူးစက်ခံရသည့် ၂ နှစ်အရွယ် ကလေးငယ် ရောဂါသက်သာပျောက်ကင်း၌ဆေးရုံဆင်းခွင့်ရ

(unicode)