• Follow Us on

Home မြဝတီမြို့၌ တစ်သောင်းတန်ငွေစက္ကူအတုပြုလုပ်ပြီး စားသောက်ဆိုင်တက်ခဲ့သည့် အမျိုးသားတစ်ဦးအား ဖမ်း ဆီးနိုင်ခဲ့ပြီးနောက် နောက်ထပ် နှစ်ဦး ထပ်မံ ဖမ်းဆီးရမိခဲ့

မြဝတီမြို့၌ တစ်သောင်းတန်ငွေစက္ကူအတုပြုလုပ်ပြီး စားသောက်ဆိုင်တက်ခဲ့သည့် အမျိုးသားတစ်ဦးအား ဖမ်း ဆီးနိုင်ခဲ့ပြီးနောက် နောက်ထပ် နှစ်ဦး ထပ်မံ ဖမ်းဆီးရမိခဲ့

Share this post

မြဝတီ၊ ဇန်နဝါရီ ၁၃ (People Media)

 

ဇန်နဝါရီ ၁၁ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၌ တစ်သောင်းတန်ငွေစက္ကူအတုပြုလုပ်ပြီး စားသောက် ဆိုင်တက်ခဲ့သည့် အမျိုးသားတစ်ဦး ဖမ်းဆီးနိုင်ခဲ့ပြီးနောက် နောက်ထပ် နှစ်ဦး ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်မှာ ငွေတုပြုလုပ်ရာ၌ ပါဝင်သူတစ်ဦးသည် မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ မေတ္တာလမ်းမကြီးနှင့် အေး သာယာလမ်းထောင့်ရှိ စားသောက်ဆိုင်၌ သောက်စားပြီးနောက် ကုန်ကျစရိတ်များကို ငွေစက္ကူအတုများဖြင့် ပေးချေခဲ့ပြီး ဆိုင်အတွင်းမှ ထွက်ပြေးပြီးနောက် တာဝန်ရှိသူများက ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့သည်။

 

ငွေတုပြုလုပ်သုံးစွဲသူ ဇော်လွင်(ခ)အော်ကြီးကို ဖမ်းဆီးရမိပြီးနောက် ၎င်းနေထိုင်ရာဖြစ်သည့် မြဝတီမြို့၊ အောင်ဒီပါလမ်း၊ နေအိမ်တန်းလျား အခန်း (၁၃) ကိုစစ်ဆေးရာတွင် ငွေစက္ကူတစ်သောင်းတန်အတု (၁၆၅၀) ရွက်နှင့်အတူ ဆက်စပ်ပစ္စည်းများ၊ အမျိုးသားနှစ်ဦးကို ထပ်မံ ဖမ်းဆီးနိုင်ခဲ့သည်။

 

ငွေတုပြုလုပ်ပြီး ဖမ်းဆီးခံရသူများဖြစ်သည့် ဇော်လွင်(ခ)အော်ကြီး (၂၆)နှစ်၊ အောင်မြင့်သန်း (၃၃) နှစ်နှင့် ထွန်းမြင့်သန်း (၃၅) နှစ်တို့အား မြဝတီမြို့မရဲစခန်းက (ပ)၁၅/၂၀၂၂၊ ဗဟိုဘဏ်ဥပဒေပုဒ်မ-၁၀၅/၁၀၆/ ၁၀၇ အရအမှုဖွင့်အရေးယူထားသည်။

 

#PeopleMedia #မြဝတီမြို့ #တစ်သောင်းတန်ငွေစက္ကူအတုဖမ်းဆီးရမိ

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post