• Follow Us on

Home ၀က်လက်မြို့သို့ လစာထုတ်ပြီးပြန်လာသည့် အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူတို့အား လူတစ်စုမှ ဖမ်းဆီး ခေါ်ဆောင်၊ ၎င်းအုပ်ကြီး၏ သားတစ်ဦးကို PDF အဖွဲ့က သတ်ဖြတ်ခဲ့

၀က်လက်မြို့သို့ လစာထုတ်ပြီးပြန်လာသည့် အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူတို့အား လူတစ်စုမှ ဖမ်းဆီး ခေါ်ဆောင်၊ ၎င်းအုပ်ကြီး၏ သားတစ်ဦးကို PDF အဖွဲ့က သတ်ဖြတ်ခဲ့

Share this post

ရွှေဘို၊ မတ် ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ ယင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ သားနှစ်ဦး ဖြစ်သူတို့မှာ လစာထုတ်ပြန်ပြီးလာစဉ် လမ်း၌ PDF အဖွဲ့က အုပ်ချုပ်ရေးမှူးနှင့် သားတစ်ဦးအား ဖမ်းဆီးသွား သလို ကျန်သားတစ်ဦးကို နေရာ၌ပင် သတ်ဖြတ်ခဲ့သည်။

 

ဖြစ်စဉ်မှာ မတ်လ ၃ ရက် ညနေ ၅ နာရီခန့်၌ လစာထုတ်ပြီးအပြန် ဝက်လက်မြို့နယ်၊ တံတားဦးကျေးရွာနှင့် ကံသာကျေးရွာကြား၊ မူးဘောင်လမ်းတွင် PDF အဖွဲ့မှ အုပ်ချုပ်ရေးမှူးကြီး၏ သားနှစ်ဦးအနက် တစ်ဦးအား နေရာ၌ပင် ပစ်သတ်ခဲ့ပြီး၊ ကျန်သားတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးသွားသည်။

 

“သူ့အဖေက အုပ်ချုပ်ရေးမှူး၊ လစာသွားထုတ်တာ။ အပြန်လမ်းမှာ စောင့်ပြီးအသတ်ခံရတယ်။ သား တစ် ယောက်ကိုတော့ အဲ့နေရာမှာ ပစ်သတ်သွားတယ်။ သူ့အဖေနဲ့ ကျန်သားတစ်ယောက်ကိုတော့ ဖမ်းသွားတယ်” လို့ ဝက်လက်မြို့မှ ဒေသခံတစ်ဦးမှ ပြောသည်။

 

အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူအား မည်သည့်နေရာကို ဖမ်းဆီးခေါ်သွားသည်ကို မသိရှိသေးကြောင်း သိရ သည်။

 

လုပ်ကြံခံရသည့် အုပ်ချုပ်ရေးမှူး မိသားစုများမှာ ဝက်လက်မြို့၊ ယင်းမကန်ကျေးရွာတွင် နေထိုင်ကြသူများဖြစ် ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် အုပ်ချုပ်ရေးမှူးမှာ  ယင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်တိုး ဖြစ်ပြီး၊ ၎င်း၏ သားဖြစ်သူနှစ်ဦးမှာ ကိုစိုးရာဇာနှင့် ကိုနော်ဇာအောင်တို့ဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ဝက်လက်မြို့

 

(unicode)


………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post