• Follow Us on
Latest News

Home “၀” ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းရွိ ေနရာအခ်ိဳ႕ကုိ UWSA အာဏာပုိင္အဖြဲ႕က Lock Down ျပဳလုပ္

“၀” ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းရွိ ေနရာအခ်ိဳ႕ကုိ UWSA အာဏာပုိင္အဖြဲ႕က Lock Down ျပဳလုပ္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
“၀” ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းရွိ ေနရာအခ်ိဳ႕ ကုိ UWSA အာဏာပုိင္အဖြဲ႕က ဒီဇင္ဘာ(၁၇)ရက္မွ စတင္၍ Lock Down ျပဳလုပ္လုိက္ပါတယ္။
“ဝ”ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားရွိ ျမိဳ႕နယ္မ်ား၌ COVID-19 ကူးစက္ခံထားရသည့္ တရုတ္ႏုိင္ငံသားတစ္ဦး ဝင္ေရာက္ခဲ့မႈေၾကာင့္ UWSA အာဏာပုိင္မ်ားက ၎တုိ႔ ထိန္းခ်ဳပ္နယ္ေျမမ်ားကုိ Lock Down ျပဳလုပ္လုိက္တာ လည္းျဖစ္ပါတယ္။
အဆုိပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ People Media က “ဝ” ျပည္နယ္ ဆက္ဆံေရးရုံးတာဝန္ခံ ဦးညီရန္းကုိ ဆက္သြယ္ေမးျမန္းရာ၌ “မေန႔က ေနရာအခ်ိဳ႕ကို လုပ္တာပါ၊ တ႐ုတ္ျပည္မွာေတြ႕တဲ့ Positive လူနာ တစ္ေယာက္က သူရဲ႕ခရီးသြားရာဇဝင္က မိုင္းလား မိုင္းေပါက္ ပန္ဆန္းကို ျဖတ္ခဲ့တဲ့ ရာဇဝင္ေတြရွိတယ္၊ အဲ့ဒါကို ၾကပ္မတ္တဲ့သေဘာမ်ိဳးပါ” လုိ႔ ေျပာပါတယ္။
လက္ရွိအခ်ိန္၌ COVID-19 အတည္ျပဳလူနာႏွင့္ ထိေတြမႈရွိခဲ့သူမ်ားကုိ Quarantine ထားရွိၿပီး ပန္းဆန္းၿမိဳ႕၌ လူစုလူေဝး မလုပ္ၾကဖုိ႔ UWSA အုပ္ခ်ဳပ္ေရးအဖြဲ႕က ၾကပ္္မတ္ ေဆာင္ရြက္လ်က္ရွိေနၾကပါတယ္။
COVID-19 အတည္ျပဳလူနာျဖစ္ခဲ့သည့္ တရုတ္ႏုိင္ငံသားသည္ ၿပီးခဲ့သည့္ရက္ပုိင္းက မိုင္းလားၿမိဳ႕တြင္ ေလးရက္ၾကာ ေနထိုင္ခဲ့ၿပီး ထုိမွတစ္ဆင့္ မိုင္းေပါက္သို႔ အဌားယာဥ္ျဖင့္ ဆက္လက္သြားေရာက္ခဲ့ၿပီး ပန္ဆန္းၿမိဳ႕သို႔ သြားေရာက္ခဲ့တာလည္း ျဖစ္ပါတယ္။
လက္ရွိအခ်ိန္၌ UWSA အာဏာပုိင္အဖြဲ႔သည္ ပန္ဆန္းၿမိဳ႕၌ တ႐ုတ္နိုင္ငံ၊ ယူနန္ျပည္နယ္၊ ဖူအဲယ္ခရိုင္မွ ၾကက္ေျခနီ အသင္းမွ ေဆာက္လုပ္လွဴဒါန္းေပးခဲ့ေသာ COVID-19 ေရာဂါပိုး ဓါတ္ခြဲရွာ‌ေဖြစစ္ေဆးသည့္ PT/PCR စက္ရွိေနၿပီျဖစ္ပါတယ္။
အဆုိပါစက္သည္ တစ္ရက္လွ်င္ လူဦးေရ ရာႏွင့္ခ်ီ၍ COVID-19 ေရာဂါ စစ္ေဆးေဆာင္ရြက္ႏုိင္ပါတယ္။
Photo – Credit
#PeopleMedia #UWSA #COVID19
(unicode)
“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နေရာအချို့ကို UWSA အာဏာပိုင်အဖွဲ့က Lock Down ပြုလုပ်
………………………………………………………..
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နေရာအချို့ ကို UWSA အာဏာပိုင်အဖွဲ့က ဒီဇင်ဘာ(၁၇)ရက်မှ စတင်၍ Lock Down ပြုလုပ်လိုက်ပါတယ်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ မြို့နယ်များ၌ COVID-19 ကူးစက်ခံထားရသည့် တရုတ်နိုင်ငံသားတစ်ဦး ဝင်ရောက်ခဲ့မှုကြောင့် UWSA အာဏာပိုင်များက ၎င်းတို့ ထိန်းချုပ်နယ်မြေများကို Lock Down ပြုလုပ်လိုက်တာ လည်းဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ People Media က “ဝ” ပြည်နယ် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကို ဆက်သွယ်မေးမြန်းရာ၌ “မနေ့က နေရာအချို့ကို လုပ်တာပါ၊ တရုတ်ပြည်မှာတွေ့တဲ့ Positive လူနာ တစ်ယောက်က သူရဲ့ခရီးသွားရာဇဝင်က မိုင်းလား မိုင်းပေါက် ပန်ဆန်းကို ဖြတ်ခဲ့တဲ့ ရာဇဝင်တွေရှိတယ်၊ အဲ့ဒါကို ကြပ်မတ်တဲ့သဘောမျိုးပါ” လို့ ပြောပါတယ်။
လက်ရှိအချိန်၌ COVID-19 အတည်ပြုလူနာနှင့် ထိတွေမှုရှိခဲ့သူများကို Quarantine ထားရှိပြီး ပန်းဆန်းမြို့၌ လူစုလူဝေး မလုပ်ကြဖို့ UWSA အုပ်ချုပ်ရေးအဖွဲ့က ကြပ််မတ် ဆောင်ရွက်လျက်ရှိနေကြပါတယ်။
COVID-19 အတည်ပြုလူနာဖြစ်ခဲ့သည့် တရုတ်နိုင်ငံသားသည် ပြီးခဲ့သည့်ရက်ပိုင်းက မိုင်းလားမြို့တွင် လေးရက်ကြာ နေထိုင်ခဲ့ပြီး ထိုမှတစ်ဆင့် မိုင်းပေါက်သို့ အဌားယာဉ်ဖြင့် ဆက်လက်သွားရောက်ခဲ့ပြီး ပန်ဆန်းမြို့သို့ သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်၌ UWSA အာဏာပိုင်အဖွဲ့သည် ပန်ဆန်းမြို့၌ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဖူအဲယ်ခရိုင်မှ ကြက်ခြေနီ အသင်းမှ ဆောက်လုပ်လှူဒါန်းပေးခဲ့သော COVID-19 ရောဂါပိုး ဓါတ်ခွဲရှာ‌ဖွေစစ်ဆေးသည့် PT/PCR စက်ရှိနေပြီဖြစ်ပါတယ်။
အဆိုပါစက်သည် တစ်ရက်လျှင် လူဦးရေ ရာနှင့်ချီ၍ COVID-19 ရောဂါ စစ်ဆေးဆောင်ရွက်နိုင်ပါတယ်။
Photo – Credit

Share this post