• Follow Us on
Latest News

Home (၁၀) နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း (၁၈၀၀၀) ခန့်ဖြစ်ပွားပြီး ဆုံးရှုံးမှုတန်ဖိုး (၁၈၇) ဘီလီယံ ကျော်ရှိကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

(၁၀) နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း (၁၈၀၀၀) ခန့်ဖြစ်ပွားပြီး ဆုံးရှုံးမှုတန်ဖိုး (၁၈၇) ဘီလီယံ ကျော်ရှိကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ မေ ၆

 

(၁၀) နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း (၁၈၀၀၀)ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၁၈၇)ဘီလီယံ ကျော်ခန့်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

(၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန – ၂ (MICC – II) ၌ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှုများနှင့် အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး နှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက်တာဝန်(၄)ရပ် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အလိုက် ကြိုတင်စီမံမှု၊ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်မှု ဆိုသည့် အရေးကြီးသည့်ကဏ္ဍများကို မဟာဗျူဟာကျကျနှင့် အလေး ထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောသည်။

 

မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများ ဖြစ်ပွားလျက်ရှိရာ ၂၀၁၄ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ (၁၀) နှစ်တာ ကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း (၁၈၀၀၀)ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၁၈၇)ဘီလီယံ ကျော်ခန့်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းလုံး ပျမ်းမျှအားဖြင့် တစ်နှစ်တွင် အကြိမ်ရေ (၁၈၀၀) ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် နှစ်စဉ် (၁၈) ဘီလီယံကျော် ဆုံးရှုံးနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့်အတူ နိုင်ငံအလိုက် လူဦးရေတိုးပွား လာ မှုများနှင့် စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မီးလောင်မှု ဖြစ်စဉ်များ များလာသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် နှစ်စဉ်မီးလောင်မှု အကြိမ်ရေနှင့် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေ ရေး အတွက် ပြည်သူလူထုအတွင်း မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာများ စိမ့်ဝင်ပျံ့နှံ့နေအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောသည်။

 

ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ လှုံ့ဆော်ပညာပေးမှုအစီအစဉ်များ ထုတ်လွှင့်ပေး ခြင်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ထည့်သွင်းဖော်ပြခြင်း၊ ပညာပေး စာစောင် များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြို့ပေါ်ရပ်ကွက်များသာမက ကျေးလက်ဒေသအထိ ကွင်းဆင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့်အချက်များ စသည်များကို ပိုမိုကျယ်ကျယ် ပြန့်ပြန့် သိရှိအောင် လုပ်ဆောင်ပေးကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post