၁၃ နှစ်ကျော် ပြည်တွင်းစစ်အတွင်း ဆီးရီးယားပြည်သူ ငါးသိန်းကျော်သေဆုံး
PUBLISHED - March 15, 2024
နိုင်ငံတကာ၊ မတ် ၁၅
ဆီးရီးယားစစ်ပွဲ ၁၃ နှစ်တာကာလအတွင်း လူပေါင်း ၅၀၇၀၀၀ သေဆုံးခဲ့ပြီး လူဦးရေသန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း စစ်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့က ကြာသပတေးနေ့ (မတ်လ ၁၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ပုန်ကုန်ထကြွမှုတစ်ခုကို ဆီးရီးယားအစိုးရက ရက်ရက်စက်စက် နှိမ်နှင်းခဲ့တဲ့အတွက် ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ ဆီးရီးယားပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာစစ်တပ်တွေနဲ့ နိုင်ငံခြားက ဂျီဟတ်ဝါဒီ တွေပါ စစ်ပွဲထဲကို ဝင်ရောက်လာခဲ့ကြပါတယ်။
စစ်ပွဲအတွင်း အမျိုးသမီး ၁၅,၀၀၀ နဲ့ ကလေးသူငယ် ၂၅,၀၀၀ အပါအဝင် အရပ်သား ၁၆၄,၀၀၀ သေဆုံးခဲ့ ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
စစ်သားတွေ၊ အီရန်လိုလားတဲ့ စစ်သွေးကြွတွေ၊ ကာဒစ်ရှ်တိုက် ခိုက်ရေးသမားတွေနဲ့ အစ္စလာမ်မစ်နိုင်ငံတော် ဂျီဟတ်ဝါဒခေါ် အိုင်အက်စ်တွေအပါအဝင် တိုက်ခိုက်ရေးသမား ၃၄၃,၀၀၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဆီးရီးယားသမ္မတ ဘရှားအယ်လ်အာဆတ်ကတော့ စစ်ပွဲအစပိုင်းမှာဆုံးရှုံးထားတဲ့နယ်မြေတွေကို မဟာမိတ် အီရန်/ရုရှား အကူအညီနဲ့ တဖြည်းဖြည်း ပြန်လည်ရရှိအောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ပေမဲ့ နိုင်ငံမြောက်ပိုင်း က နယ်မြေအများအပြားကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။
လက်ရှိအချိန်မှာ ဆီးရီးယားပြည်သူ ၁၆.၇ သန်းဟာ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပြီး အဲဒီပမာ ဏဟာ စစ်ပွဲစ တင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး အကြီးမားဆုံးပမာဏဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြော ပါတယ်။
အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုကြောင့် တိုင်းပြည်အခြေအနေ ပိုမိုဆိုးရွားလာသလို စစ်ပွဲကြောင့် လည်း ဆီးရီးယားနိုင်ငံရဲ့ စီးပွားရေး၊ အခြေခံအဆောက်အဦနဲ့ စက်မှုလုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်။
ဆီးရီးယားမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ၇.၂ သန်းရှိနေတဲ့ကြားမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ က တူရကီနဲ့ ဆီးရီးယားကို ထိခိုက်ခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့် အခြေအနေ ပိုမိုဆိုးရွားခဲ့ပါတယ်။
လူဦးရေ ၉၀% ဟာ ဆင်းရဲစွာနေထိုင်နေရပြီး အကူအညီတွေ ပို့ဆောင်ပေးရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးရေးဟာလည်း ရန်ပုံငွေမလာက်ငှမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု အရာရှိ ဒေးဗစ်ချာဒန်က ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။
၁၃ နှစ်ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲကြောင့် နိုင်ငံတစ်ဝန်းဘေးဒုက္ခမျိုးစုံကြုံတွေ့နေရပြီး မစဉ်းစားနို်င်လောက်တဲ့ နာ ကျင်မှုဒုက္ခမျိုးကို ခံစားနေကြရတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆုဟဲဇက်ကောက် က ပြောပါတယ်။
နိုင်ငံရေးအရဖြေရှင်းနိုင်တဲ့ လမ်းကြောင်းတစ်ခုပေါ်ကိုရောက်ဖို့ ကုလသမဂ္ဂက ဦးဆောင်နေတဲ့ ကြိုးပမ်းမှုတွေ ကလည်း ရပ်တန့်နေဆဲပဲဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ရေးဆွဲနိုင်ဖို့ ရည်ရွယ်ပြီး အစောပိုင်းက စေ့စပ်ညှိ နှိုင်းမှုတွေလုပ်ခဲ့တဲ့ ဂျီနီဗာမှာ ဆွေးနွေးပွဲတွေကျင်းပဖို့ အစီအစဉ်ကို ရုရှားအစိုးရနဲ့ ဆီးရီးယားအစိုးရတို့က ပယ် ချခဲ့ကြောင်း အထူးကိုယ်စားလှယ် ဂျီးယားပီဒါဆန်က ပြီးခဲ့တဲ့လက ပြောပါတယ်။
ဆယ်စုနှစ်တစ်ခုကျော်ကြာ အဖွဲ့ဝင်ခွင့် ရပ်နားထားခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကတော့ ဆီးရီးယားနိုင်ငံကို အာရပ် အဖွဲ့ချုပ်ထဲ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။
Ref: Syria War Death Toll Over 507,000, 13 Years On
#PeopleMedia