• Follow Us on
Latest News

Home ၁၅၅ မမ အမြောက်ကျည် ဒေါ်လာ သန်း ၁၀၀ ဖိုး ဥရောပနိုင်ငံတွေက စင်္ကာပူကုမ္ပဏီထံ မှာယူ

၁၅၅ မမ အမြောက်ကျည် ဒေါ်လာ သန်း ၁၀၀ ဖိုး ဥရောပနိုင်ငံတွေက စင်္ကာပူကုမ္ပဏီထံ မှာယူ

Share this post

နိုင်ငံတကာ၊ ဇွန် ၂၁

 

ဥရောပနိုင်ငံတွေကို ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိတဲ့ ၁၅၅ မမ အမြောက်ကျည်တွေ ထုတ်လုပ်ပေးဖို့အတွက် စာ ချုပ်တွေကို ST Engineering (Singapore Technologies Engineering) ကုမ္ပဏီက အပြီးသတ်လက်မှတ်ရေး ထိုးလိုက်ပါတယ်။

 

စင်္ကာပူအခြေစိုက် ST Engineering ကုမ္ပဏီဟာ အခုနှစ် ဧပြီလနဲ့ ဇွန်လအစောပိုင်းမှာ တခြားကုမ္ပဏီတွေနဲ့ အပြိုင်တင်ဒါဆွဲရင်း ဒီလုပ်ငန်းတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒ့ါအပြင် ၄၀ မမ ဗုံးသီးတွေထုတ်လုပ်ပေးဖို့လည်း အမည်မဖော်တဲ့ ဥရောပနိုင်ငံတွေဆီက အမှာစာတွေကို လည်း ST Engineering ကုမ္ပဏီက ရရှိထားပါတယ်။

 

“ဒီကန်ထရိုက်စာချုပ်သစ်တွေဟာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ရပ် အဖြစ် ကျွန်တော်တို့ရဲ့ရပ်တည်မှုကို ထင်ဟပ်ပေါ်လွင်စေရုံသာမကဘဲ ခေတ်မီအမြောက်တွေရဲ့ မြင့်မားလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာ ကျွန်တော်တို့ရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကျွမ်းကျင်မှုကို လည်း သက်သေပြလိုက်တာပဲဖြစ်ပါတယ်။” လို့ ST Engineering ကုမ္ပဏီ၊ မြေပြင်လက်နက်စနစ်ရဲ့ ဥက္ကဋ္ဌ လမ်းကုတ်အန်းက ပြောပါတယ်။

 

အမြောက်ကျည်တွေက ပြောင်းအချင်းထက် ၃၉ ဆ (၁၉ ပေ) ရှည်လျားတဲ့ အမြောက်တွေအတွက်ရော ၅၂ ဆ (၂၆ ပေ) ရှည်လျားတဲ့အမြောက်တွေအတွက်ရော ဒီဇိုင်းရေးဆွဲထုတ်လုပ်သွားမှာဖြစ်ပြီး ကီလိုမီတာ ၃၀ (၁၈.၆ မိုင်) ကနေ ၃၉ ကီလိုမီတာ (၂၄ မိုင်) အထိ ပစ်ခတ်နိုင်တဲ့ အမြောက်ကျည်တွေဖြစ်ပါတယ်။

 

ဒါ့အပြင် အဲဒီအမြောက်ကျည်တွေကို မဟာမိတ်တပ်ဖွဲ့ဝင်တွေ အချင်းချင်းကြား အပြန်အလှန်အသုံးပြုနိုင်ဖို့ အတွက် နေတိုးအဖွဲ့ရဲ့စံနှုန်းနဲ့အညီ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေက ယူကရိန်းနိုင်ငံအတွက် ၁၅၅ မမ အမြောက်ကျည်တွေ စုဆောင်းနေစဉ်အတွင်းမှာပဲ အခုလို ဥရောပနိုင်ငံတွေအတွက် ST Engineering ကုမ္ပဏီက အမြောက်ကျည်တွေထုတ်လုပ်ပေးမယ့် သတင်းထွက် ပေါ်လာတာဖြစ်ပါတယ်။

 

Ref: European Nations Order $100M in 155mm Shells from Singapore Firm

 

#PeopleMedia


Share this post