• Follow Us on
Latest News

Home ၁၆ ရာစုက ဗလီဟောင်းရှိတဲ့နေရာမှာ တည်ဆောက်ထားတဲ့ အငြင်းပွားဖွယ်ဟိန္ဒူဘုရားကျောင်းဖွင့်ပွဲကို အိန္ဒိယဝန်ကြီးချုပ်မိုဒီတက်ရောက်ဖွင့်လှစ်

၁၆ ရာစုက ဗလီဟောင်းရှိတဲ့နေရာမှာ တည်ဆောက်ထားတဲ့ အငြင်းပွားဖွယ်ဟိန္ဒူဘုရားကျောင်းဖွင့်ပွဲကို အိန္ဒိယဝန်ကြီးချုပ်မိုဒီတက်ရောက်ဖွင့်လှစ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃

 

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီဟာ အယုဒ္ဓယမြို့မှာ အငြင်းပွားဖွယ်ရာနေရာက ဟိန္ဒူဘုရားကျောင်းတစ်ခုကို တနင်္လာနေ့ (ဇန်နဝါရီလ ၂၂ ရက်နေ့) က တက်ရောက်ဖွင့်လှစ်လိုက်ပါတယ်။

 

အိန္ဒိယနိုင်ငံအတွက် ခေတ်သစ်တစ်ခုလို့ ကြေညာချက်ထုတ်ပြန်လိုက်တဲ့ အဲဒီဘုရားကျောင်းနေရာဟာ ၁၉၉၂ ခုနှစ်က ဟိန္ဒူလူအုပ်ကြီးက ဖြိုဖျက်ခဲ့တဲ့ ၁၆ ရာစုက ဗလီဟောင်းပြိုပျက်သွားတဲ့နေရာဖြစ်ပါတယ်။

 

အဲဒီအဓိက ရုဏ်းကြောင့် အဲဒီအချိန်က လူပေါင်း ၂၀၀၀ နီးပါးသေဆုံးခဲ့ပါတယ်။ အယုဒ္ဓယမြို့မှာကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားကို ထိပ်တန်းရုပ်ရှင်သရုပ်ဆောင်တွေ၊ ခရက်ကစ်ကစားသမား တွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေအပါအဝင် ပြည်သူ ၇၅၀၀ နီးပါးတက်ရောက်ခဲ့ပါတယ်။

 

ဒါပေမဲ့ ဟိန္ဒူပရောဟိတ်တချို့နဲ့ အတိုက်အခံပါတီဝင်အများအပြားကတော့ ဝန်ကြီးချုပ်မိုဒီဟာ နိုင်ငံရေးရည် မှန်းချက်နဲ့ ဒီဘုရားကျောင်းဖွင့်ပွဲကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုပြီး သပိတ်မှောက်ခဲ့ကြပါတယ်။

 

မကြာခင်လပိုင်းအတွင်းမှာ အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲတွေကျင်းပတော့မှာဖြစ်ပြီး အာဏာရ BJP ပါတီဟာ ဟိန္ဒူဘာသာဝင် ၈၀% နေထိုင်တဲ့နိုင်ငံမှာ ဘုရားကျောင်းဖွင့်ပွဲဘမ်းပြပြီး မဲတွေရရှိအောင် ကြိုးပမ်းနေတာဖြစ် တယ်လို့ မိုဒီရဲ့ နိုင်ငံရေးပြိုင်ဘက်တွေက ပြောပါတယ်။

 

အခုအခမ်းအနားဟာ အိန္ဒိယနိုင်ငံမှာ လူနည်းစုထဲမှာအများဆုံးဖြစ်တဲ့ မူဆလင်တွေအတွက် စိုးရိမ်ထိတ်လန့်စ ရာနဲ့ ထိခိုက်နာကျင်စရာအဖြစ်အပျက်တွေကို ပြန်လည်သတိရစေတယ်လို့ အယုဒ္ဓယမြို့က လူထုအဖွဲ့အစည်း အဖါပြဝင်တွေက အခမ်းအနားကျင်းပနေတဲ့ တနင်္လာနေ့က BBC ကို ပြောပါတယ်။

 

ဘုရားကျောင်းတွင်းမှာ ဘာသာရေးဓလေ့ထုံးတမ်းအတိုင်း အရိုအသေပြုဆောင်ရွက်နေ တဲ့ မစ္စတာမိုဒီရဲ့ပုံကို ရုပ်သံအစီအစဉ်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

 

“ဒီကနေ့ အဖြစ်အပျက်တွေကို သမိုင်းမှာ အမှတ်တရသတိရနေမှာပါ။ နှစ်ပေါင်းများစွာ ကြိုးစားရုန်းကန်လာပြီး မရေတွက်နိုင်အောင် စွန့်လွှတ်ခဲ့ပြီးတဲ့နောက်မှာ ရာမအရှင်သခင်ဟာ အိမ်တော်ကိုပြန်လည်ရောက်ရှိလာခဲ့ပါ ပြီ။ ဟောဒီသမိုင်းဝင်အဖြစ်အပျက်အတွက် နိုင်ငံသားအားလုံးကို ကျွန်တော်ချီးကျူးဂုဏ်ပြုလိုပါတယ်။” လို့ အခမ်းအနားအပြီးမှာ မိုဒီက ပြောပါတယ်။

 

အဲဒီဟိန္ဒိူဘုရားကျောင်းကို ပုဂ္ဂလိကအလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ဒေါ်လာ ၂၁၇ သန်းအကုန်အကျခံပြီးတည် ဆောက်ခဲ့တာဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့မြေညီထပ်ကိုသာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျန်တဲအပိုင်းတွေကတော့ အခုနှစ်အကုန်လောက်မှာ ဆောက်လုပ်ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒီဘုရားကျောင်းဆောက်လုပ်ရေးလုပ်ငန်းဟာ ဒေါ်လာ ၃ ဘီလျံအကုန်အကျခံဆောင်ရွက်မယ့် အယုဒ္ဓယမြို့ပြု ပြင်ရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Ayodhya Ram Mandir: India PM Modi inaugurates Hindu temple on razed Babri mosque site

 

#PeopleMedia


Share this post