၁၉၈၂ လက်ဘနွန်စစ်ပွဲတွင် ပျောက်ဆုံးခဲ့သော အစ္စရေးစစ်သား၏ ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်

PUBLISHED - April 6, 2019
၁၉၈၂ လက်ဘနွန် စစ်ပွဲမှာ ပျောက်ဆုံးသွားတဲ့ အစ္စရေးတပ်ကြပ်ကြီးတစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည် သယ်ဆောင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောကြားခဲ့ကြောင်း ဧပြီ ၃ရက် ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်ဖွား တင့်ကားတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ်ကြီး Zachary Baumel ပာာ SultanYakoub မှာဖြစ်ပွားတဲ့စစ်ပွဲမှာ လက်ရှိအချိန်အထိ ပျောက်ဆုံးနေတဲ့ စစ်သားသုံးဦးထဲမှာ တစ်ဦး အပါအ၀င်ဖြစ်ပါတယ်။
Sultan Yakoub စစ်ပွဲပာာ အစ္စရေးနဲ့ ဆီးရီးယားတို့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ဒီစစ်ပွဲမှာ အစ္စရေးစစ်သား ငါးဦး ပျောက်ဆုံးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ အစ္စရေးစစ်သားအချို့ကိုတော့ နှစ်နိုင်ငံအကျဉ်းသားအပြန်အလှန်လဲလှယ်ရေး အစီအစဉ်အရ ပြန်ကယ်တင်နိုင်ခဲ့ပါတယ်။ Zachary Baumel ရုပ်အလောင်းကို ပြန်လည်ရယူနိုင်ဖို့ အစ္စရေးပာာ ရုရှားရဲ့ အကူအညီကို ရယူခဲ့ပါတယ်။ ရုရှားပာာ ဆီးရီးယားမှာဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အစိုးရဘက်ကရပ်တည်တိုက်ခိုက်ပေးခဲ့ပါတယ်။
ဒါကြောင့် ဆီးရီးယားပာာ အစ္စရေးစစ်သားရဲ့ ရုပ်အလောင်းကို ရှာဖွေရာမှာကူညီပေးခဲ့တာဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ် နာသန်ယာပာုက မိမိတာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း စိတ်လူပ်ရှားစရာအကောင်းဆုံးအဖြစ်အပျက်ဖြစ်ကြောင်း၊သံတမန်ရေးရာဖြင့် အကောင်းဆုံး ဆောင်ရွက်နိုင်ခြင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၃၇ နှစ်ကြာပျောက်ဆုံးခဲ့ပြီး နိုင်ငံအတွက်အသက်ပေးခဲ့တဲ့ တပ်ကြပ်ကြီး Zachary Baumel
ပာာ နောက်ဆုံးမှာ အမိမြေကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
https://www.facebook.com/303185163868226/videos/1012286925647828/