• Follow Us on

Home ၂၀၀၃ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ၈၇ နိုင်ငံထဲမှာ ထိုင်းနိုင်ငံက အဆင့် ၂၉ ရရှိ

၂၀၀၃ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ၈၇ နိုင်ငံထဲမှာ ထိုင်းနိုင်ငံက အဆင့် ၂၉ ရရှိ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၉

 

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးနိုင်ငံ ၈၇ နိုင်ငံကို အမေရိကန် US News & World Report မီဒီယာ က စစ်တမ်းကောက်မှတ်တမ်းတင်ခဲ့ရာ ထိုင်းနိုင်ငံကို အဆင့် ၂၉ အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ်က မှတ်တမ်းတင်ခဲ့ရာမှာ နိုင်ငံပေါင်း ၈၅ နိုင်ငံအနက် ထိုင်းနိုင်ငံက အမှတ်စဉ် ၂၈ မှာ မှတ်တမ်းဝင်ခဲ့ ပါတယ်။ အဆိုပါတိုင်းတာမှုဟာ မက်ထရစ်စနစ်ပေါ်အခြေခံပြီး ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ဆောင်ရွက်ချက်တွေကို တိုင်းတာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

 

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးဆောင်ရွက်နိုင်တဲ့နိုင်ငံက ဆွစ်ဇာလန်နိုင်ငံဖြစ်ပြီး ဆွစ်ဇာလန်နောက်မှာ ကနေဒါ၊ ဆွီဒင်၊ သြစတေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဂျာမနီ၊ နယူးဇီလန်၊ ဗြိတိန်နဲ့ နယ်သာလန်တို့ ဖြစ်ကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် ဒစ်ဂျစ်တယ်မီဒီယာက ပြောပါတယ်။

 

အာဆီယံနိုင်ငံတွေထဲမှာတော့ စင်္ကာပူနိုင်ငံက အဆင့် ၁၆ ၊ မလေးရှားက အဆင့် ၃၈၊ အင်ဒိုနီးရှားက ၃၈၊ ဖိလစ်ပိုင်က ၄၃၊ ဗီယက်နမ်က ၄၄၊ ကမ္ဘောဒီးယားက ၆၄၊ မြန်မာက အဆင့် ၈၀ ဖြစ်ပါတယ်။

 

အခုနှစ်နောက်ဆုံးအဆင့်ကို အီရန်နိုင်ငံကရရှိထားပါတယ်။ နောက်ဆံုံးအဆင့် ဆယ်နိုင်ငံကတော့ အီရန် အဆင့် ၈၇၊ ဘယ်လာရုစ်၊ လက်ဘနွန်၊ ကာဇန်စတန်၊ ဥဇဘက်ကစ္စတန်၊ ဆားဆီးယား၊ ဟွန်ဒူးရပ်စ်၊ မြန်မာ၊ အယ်လ်ဂျီးရီးယားနဲ့ ကင်မရွန်း အဆင့် ၇၈ တို့ပဲဖြစ်ပါတယ်။

 

လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးကြီးမားမားလုပ်ဆောင်နိုင်မှုနဲ့ စက်မှုလုပ်ငန်းအပြိုင်အဆိုင်လုပ်ဆောင်နိုင်မှုတွေ ကြောင့် ထိုင်းနိုင်ငံမှာ ဆင်းရဲမွဲတွေမှုနဲ့ အလုပ်လက်မဲ့နှုန်း နိမ့်ကျပြီး ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း အဲ ဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

“ထိုင်းနိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး ဆန်တင်ပို့တဲ့နိုင်ငံဖြစ်သလို အထည်အလိပ်လုပ်ငန်း၊ သံဖြူလုပ်ငန်းနဲ့ အီ လက်ထရောနစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေမှာလည်း ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အနောက်တိုင်း ပညာရေးနဲ့ နည်းပညာတွေကို ဗုဒ္ဓဘာသာလွှမ်းမိုးကြီးစိုးတဲ့နိုင်ငံက အလွန်စိတ်ဝင်စားလျက်ရှိကြောင်း” အဲဒီအ စီရက်ခံစာမှာ ဖော်ပြပါတယ်။

 

ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားအများဆုံးလည်ပတ်တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ပြည် တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၇% ရှိကြောင်း အဲဒီအစီရင်ခံစာက ပြောပါတယ်။

 

Ref: Thailand ranked 29th among 87 ‘best countries in the world’

 

#PeopleMedia


Share this post