၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်အထိ လူကုန်ကူးမှု ၂,၂၄၅ မှုမှ တရားခံ ၆,၅၁၆ ဦးကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ဟု နစကဒုဥက္ကဋ္ဌ ပြောကြား
PUBLISHED - October 2, 2023
နေပြည်တော်၊ အောက်တိုဘာ ၂
၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်အထိ လူကုန်ကူးမှု ၂,၂၄၅ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ လူကုန်ကူးသူ တရား ခံစုစုပေါင်း ၆,၅၁၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် ယမန်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပသည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူသားလုံခြုံရေးအတွက် လည်း ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ၎င်းမှုခင်းများ ကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်း ဆောင်ရွက်ရန် ခက်ခဲသည့်အတွက် နိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်တုံ့ ပြန်မှုများနှင့် ဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း ပြောသည်။
မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအနေနှင့် မြန်မာနိုင်ငံ၊ နယ်စပ်ဒေသများတွင် Online လိမ်လည်မှု ကျူးလွန်ရန် အဓမ္မစေခိုင်းသည့် ဖြစ်စဉ်များကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၆ ရက်ထိ စစ်ဆင်ရေးကာလ သတ်မှတ်ပြီး သုံးနိုင်ငံ နားလည်မှုရှိရှိနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရ ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှ တရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှ တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ် နင်းရေးအတွက် နိုင်ငံ တကာအဖွဲ့အစည်းများနှင့်လည်း အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး (၃၈)ကြိမ်နှင့် ၂၀၂၃ ခုနှစ် တွင် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင်တင်သွင်းမှုများကို တားဆီးဆောင်ရွက်နိုင်ရေးအတွက် အထူးစစ် ဆင်ရေး “Operation 39” ကို ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက် အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် အမှုပေါင်း ၄၃၈၀ မှု၊ တရားခံပေါင်း ၅,၉၇၄ ဦး၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၆၂၃ ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက် စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ ဖျက်ဆီးပွဲတွင် စုစုပေါင်းတန်ဖိုးကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော် (အမေရိ ကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း)ရှိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုးတို့ကို ဖျက်ဆီးခဲ့ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မျက်မှောက်ခေတ် လူကုန်ကူးမှုအခြေအနေမှာ ကမ္ဘာ တစ်ဝန်း တိုးတက်လာသည့် အင်တာနက်နည်းပညာများကို အသုံးပြုပြီး လူကုန်ကူးသူများက လူသစ်စု ဆောင်းခြင်းများပြုလုပ်ပြီး လူကုန်ကူးမှုပုံစံများနှင့် စီးဆင်းမှုများ ပြောင်းလဲလာကြောင်း၊ မြန်မာနိုင်ငံအနေနှင့် လူကုန်ကူးမှုများကို ထိရောက်စွာအရေးယူနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးဥပဒေသစ်ကို ပြဋ္ဌာန်းပေးခဲ့ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်အထိ လူကုန်ကူးမှု ၂,၂၄၅ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ လူကုန်ကူးသူ တရားခံစုစုပေါင်း ၆,၅၁၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ဒေသတွင်း လူကုန်ကူး မှုခင်းများနှင့် လူမှောင်ခိုမှုများ တားဆီးနှိမ်နင်းရေးစီမံကိန်းများတွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့(ASEANAPOL)တို့နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြော ကြားခဲ့သည်။
#PeopleMedia