၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင်အကျုံးဝင်မည့် အကျုံးဝင်နိုင်သော လူဦးရေ ၁၃ သန်းနီးပါးရှိပြီး တစ်ပြိုင်နက်တည်း စစ်မှုထမ်းဆောင်ရမည်မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား
PUBLISHED - February 14, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အခုပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကျုံးဝင် မည့် အကျုံးဝင်နိုင်သော လူဦးရေ၊ အကျုံးဝင်နိုင်သည့် လူဦးရေဆိုသည်မှာ ၁၃ သန်းနီးပါးရှိပြီး တစ်ပြိုင်နက် တည်း စစ်မှုထမ်းဆောင်ရမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ဒီနေရာမှာ ကျွန်တော်တို့မိဘပြည်သူများကို ထပ်မံပြီးအသိပေးလိုတာက ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်မယ့်၊ အကျုံးဝင်နိုင် တဲ့ လူဦးရေ၊ အကျုံးဝင်နိုင်တဲ့ လူဦးရေဆိုတာက အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါး ရှိပါတယ်။ အဲဒီတော့ အဲဒီ ၁၃ သန်းလုံးကို တစ်ပြိုင်နက်တည်း စစ်မှုထမ်းဆောင်စေ မှာလား၊ မဟုတ်ပါဘူး။ အကျုံးဝင်တာပဲ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
မိမိတို့အနေနှင့် စစ်မှုထမ်းဆောင်စေခြင်း ဆိုသည့်အထဲတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင် သည့် သူ၏ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပါပြီးသားဖြစ်ကြောင်း၊ သူ့၏အဆင့်အလိုက် စစ်သည်များနှင့် တူညီ သည့်အခွင့်အရေး၊ စစ်သည်များနှင့် တူညီသည့်လေ့ကျင့်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လစာ၊ ရိက္ခာ၊ ခံစားခွင့်အကုန်လုံးကို မိမိတို့ ပေးရမည်ဖြစ်ကြောင်း၊ ထိုအရာများကို နိုင်ငံတော်ဘတ်ဂျက်မှ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ဒီနိုင်ငံသူ၊ နိုင်ငံသားတွေကို ခေါ်ယူမယ်ဆိုရင် ပထမဦးဆုံးဆေးစစ်ရပါတယ်။ တစ်ဦးချင်းတစ်ဦးချင်းရဲ့ ဆေး စစ်တဲ့ကုန်ကျစရိတ်တင်မနည်းပါဘူး။ အနည်းဆုံးအဆင့်က မြန်မာငွေသောင်းဂဏန်းနဲ့ချီပြီး ကုန်ကျပါတယ်။ ဒါတွေကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က လေ့ကျင့်ပေးနိုင်ဖို့၊ လေ့ကျင့်ပေးနိုင်ဖို့ဆို တာသည် သူတို့ကို လေ့ကျင့်ပေးတဲ့အခါမှာ ကျွန်တော်တို့က စစ်သည်တွေရဲ့ အဆင့်အတန်းအတိုင်း လေ့ကျင့် ပေးရတာဖြစ်တယ်။ အနည်းဆုံးအဆင့် လနဲ့ချီပြီး လေ့ကျင့်ရတာဖြစ်တယ်။ နှစ်တစ်နှစ်ရဲ့ လေးပုံတစ်ပုံ အနည်း ဆုံးလေ့ကျင့်ရတာဖြစ်ပါတယ်။ ဒီလေ့ကျင့်ရေး အတွက် ကုန်ကျစရိတ်တွေ အဆင့်မှလေ့ကျင့်ရေးအတွက် ဆောင်ရွက်မှုတွေ ဒါတွေလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
စစ်မှုထမ်းခြင်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကနေပြီး လိုအပ်သည့် နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာစာများ ထွက်လာဦးမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့က ပြည်သူလူထု၏ အကျိုးကို ရှေးရှုပြီး နံပါတ် ၁ ဆောင်ရွက်မည် ဖြစ်သကဲ့သို့ နံပါတ် ၂ အနေနှင့် နိုင်ငံတော်ကာကွယ်ရေးပညာရပ်ကို နိုင်ငံသားအားလုံးက သိရှိနိုင်အောင်၊ နိုင်ငံသားအားလုံး တတ်မြောက်အောင်လည်းရည်ရွယ်ပြီး မိမိတို့ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
#PeopleMedia