• Follow Us on

Home ၂၀၁၉ ခုႏွစ္၌ ျမစ္ႀကီးနားခ႐ုိင္အတြင္းမွ သစ္တန္ခ်ိန္ တစ္ေထာင္ေက်ာ္ အေရးယူႏုိင္ခဲ့

၂၀၁၉ ခုႏွစ္၌ ျမစ္ႀကီးနားခ႐ုိင္အတြင္းမွ သစ္တန္ခ်ိန္ တစ္ေထာင္ေက်ာ္ အေရးယူႏုိင္ခဲ့

Share this post

ျမစ္ႀကီးနား၊ ေမ ၁၄

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားခ႐ုိင္အတြင္းမွ ယမန္ႏွစ္ ၂၀၁၉ ခုႏွစ္က တရားမဝင္သစ္ တန္ခ်ိန္ ၁၈၈၇ ​ေက်ာ္ ကုိ ဖမ္းဆီးမိခဲ့ေၾကာင္း ျမစ္ႀကီးနခ႐ိုင္ သစ္ေတာဦးစီးဌာန႐ုံးမွသိရသည္။

ယင္း ဖမ္းဆီးရ႐ွိမႈသစ္မ်ားထဲတြင္ တပ္မေတာ္မွ ဖမ္းဆီးရမိခဲ့သည့္ သစ္တန္ခ်ိန္ေပါင္း ၆၃ တန္ေက်ာ္၊ ရဲတပ္ဖြဲ႔မွ ဖမ္းဆီးရမိခဲ့သည့္ သစ္တန္ခ်ိန္ေပါင္း ၃ တန္ေက်ာ္၊ သစ္ေတာဦးစီးဌာနမွ ဖမ္းဆီးရမိခဲ့သည့္ သစ္တန္ခ်ိန္ေပါင္း ၁၈၁၉တန္ေက်ာ္ ဖမ္းဆီးေပးႏိုင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါဖမ္းဆီးႏိုင္ခဲ့သည့္သစ္မ်ားမွာ ကြၽန္းသစ္ ၄၆တန္ေက်ာ္၊ သစ္မာ ၃တန္ေက်ာ္ ႏွင့္ အျခားသစ္ ၁၀၀၀ တန္ေက်ာ္တုိ႔ျဖစ္ၿပီး အမ်ားဆုံး ဖမ္းဆီးရမိသည့္ၿမိဳ႕နယ္မွာ ျမစ္ႀကီးနားၿမိဳ႕နယ္ အတြင္းမွ ျဖစ္ေၾကာင္း ယင္း႐ုံး၏ အခ်က္အလက္အရ သိရသည္။

အဆုိပါ ဖမ္းဆီးရမိခဲ့သည့္သစ္မ်ားကုိ အစိုးရ၏ လမ္းၫႊန္ခ်က္ျဖင့္ ေဒသဖြ႔ံၿဖိဳးေရးတြင္ အသံုးျပဳ ျခင္း ၊ ျမန္မာ့သစ္လုပ္ငန္း အဖြဲထံ လြဲေျပာင္းေပးအပ္ျခင္း ႏွင့္ ပုိလွ်ံသည့္ သစ္ မ်ားကုိ တစ္ႏွစ္တစ္ခါ ေလလံတင္ေရာင္းခ် ျခင္းမ်ား ျပုလုပ္ခဲ့ေၾကာင္း သိရသည္။

ေဝယံ

ပုံ ။ မုိးညႇင္းၿမိဳ႕နယ္အတြင္း ဖမ္းဆီးေနသည့္ ျမင္ ကြင္း

#PeopleMedia #ျမစ္ႀကီးနား

(unicode)

၂၀၁၉ ခုနှစ်၌ မြစ်ကြီးနားခရိုင်အတွင်းမှ သစ် တန်ချိန် တစ်ထောင်ကျော် အရေးယူနိုင်ခဲ့
………………………………………………………………………………….

မြစ်ကြီးနား၊ မေ ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းမှ ယမန်နှစ် ၂၀၁၉ ခုနှစ်က တရားမဝင်သစ် တန်ချိန် ၁၈၈ရ ​ကျော် ကို ဖမ်းဆီးမိခဲ့ကြောင်း မြစ်ကြီးနခရိုင် သစ်တောဦးစီးဌာနရုံးမှသိရသည်။

ယင်း ဖမ်းဆီးရရှိမှုသစ်များထဲတွင် တပ်မတော်မှ ဖမ်းဆီးရမိခဲ့သည့် သစ်တန်ချိန်ပေါင်း ၆၃ တန်ကျော်၊ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် သစ်တန်ချိန်ပေါင်း ၃ တန်ကျော်၊ သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိခဲ့သည့် သစ်တန်ချိန်ပေါင်း ၁၈၁၉တန်ကျော် ဖမ်းဆီးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးနိုင်ခဲ့သည့်သစ်များမှာ ကျွန်းသစ် ၄၆တန်ကျော်၊ သစ်မာ ၃တန်ကျော် နှင့် အခြားသစ် ၁၀၀၀ တန်ကျော်တို့ဖြစ်ပြီး အများဆုံး ဖမ်းဆီးရမိသည့်မြို့နယ်မှာ မြစ်ကြီးနားမြို့နယ် အတွင်းမှ ဖြစ်ကြောင်း ယင်းရုံး၏ အချက်အလက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့်သစ်များကို အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဒေသဖွ့ံဖြိုးရေးတွင် အသုံးပြု ခြင်း ၊ မြန်မာ့သစ်လုပ်ငန်း အဖွဲထံ လွဲပြောင်းပေးအပ်ခြင်း နှင့် ပိုလျှံသည့် သစ် များကို တစ်နှစ်တစ်ခါ လေလံတင်ရောင်းချ ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝေယံ

ပုံ။ မိုးညှင်းမြို့နယ်အတွင်း ဖမ်းဆီးနေသည့် မြင် ကွင်း

#PeopleMedia #မြစ်ကြီးနား


Share this post