၂၀၁၉ – ၂၀၂၀ အေျခခံပညာ အထက္တန္းမ်ားအတြက္ စာေမးပြဲကာလ သတ္မွတ္ရန္ တုိင္းေဒသႀကီး/ ျပည္နယ္ ပညာေရးမွဴးမ်ားကုိ ဝန္ႀကီးဌာန ဖိတ္ၾကား

PUBLISHED - January 6, 2020
ရန္ကုန္၊ ဇန္နဝါရီ – ၆
၂၀၁၉ – ၂၀၂၀ ပညာသင္ႏွစ္ အေျခခံပညာ အထက္တန္းမ်ားအတြက္ စာေမးပြဲကာလ သတ္မွတ္ရန္ တုိင္း ေဒသႀကီး/ျပည္နယ္ ပညာေရးမွဴးမ်ားကုိ ဝန္ႀကီးဌာန ဖိတ္ၾကားထားပါတယ္။
အဆုိပါအစည္းအေဝးတြင္ အေျခခံပညာအထက္တန္းမ်ားအတြက္ စာေမးပြဲကာလသတ္မွတ္ရန္ႏွင့္ အေျခခံ ပညာအထက္တန္းအဆင့္ ၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္ႏုိင္ေရးကိစၥတုိ႔ ပါဝင္ပါတယ္။
လက္ရွိအခ်ိန္၌ ပညာေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးသည္ ပညာသင္ကာလကုိ မတ္လကုန္ထိ တုိးျမွင့္မည္ျဖစ္ေၾကာင္း ေျပာဆုိထားၿပီးျဖစ္ပါတယ္။
ပညာေရးဝန္ႀကီးဌာန၏ ေျပာဆုိခ်က္အေပၚ ျမန္မာႏုိင္ငံလုံးဆုိင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က ကန္႔ကြက္ ထားပါတယ္။
အလားတူ ပညာေရးဝန္ႀကီးဌာနက မတ္လထိ စာသင္ခ်ိန္ တုိ္းျမွင့္ရန္ေရးေဆာင္ရြက္လွ်င္ ၂၀၂၀ ေရြးေကာက္ပြဲ ၌ ဆရာ၊ ဆရာမမ်ားမွ မဲ႐ုံးမွဴးတာဝန္ထမ္းေဆာင္မႈကုိ ကန္႔ကြက္သြားမယ္လုိ႔ ျမန္မာႏုိင္ငံလုံးဆုိင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က ထုတ္ျပန္မႈမ်ား ရွိလာပါတယ္။
(Unicode)
၂၀၁၉ – ၂၀၂၀ အခြေခံပညာ အထက်တန်းများအတွက် စာမေးပွဲကာလ သတ်မှတ်ရန် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများကို ဝန်ကြီးဌာန ဖိတ်ကြား
……………………………………………………………
ရန်ကုန်၊ ဇန်နဝါရီ – ၆
၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် အခြေခံပညာ အထက်တန်းများအတွက် စာမေးပွဲကာလ သတ်မှတ်ရန် တိုင်း ဒေသကြီး/ပြည်နယ် ပညာရေးမှူးများကို ဝန်ကြီးဌာန ဖိတ်ကြားထားပါတယ်။
အဆိုပါအစည်းအဝေးတွင် အခြေခံပညာအထက်တန်းများအတွက် စာမေးပွဲကာလသတ်မှတ်ရန်နှင့် အခြေခံ ပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်နိုင်ရေးကိစ္စတို့ ပါဝင်ပါတယ်။
လက်ရှိအချိန်၌ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ပညာသင်ကာလကို မတ်လကုန်ထိ တိုးမြှင့်မည်ဖြစ်ကြောင်း ပြောဆိုထားပြီးဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာန၏ ပြောဆိုချက်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကန့်ကွက် ထားပါတယ်။
အလားတူ ပညာရေးဝန်ကြီးဌာနက မတ်လထိ စာသင်ချိန် တို်းမြှင့်ရန်ရေးဆောင်ရွက်လျှင် ၂၀၂၀ ရွေးကောက်ပွဲ ၌ ဆရာ၊ ဆရာမများမှ မဲရုံးမှူးတာဝန်ထမ်းဆောင်မှုကို ကန့်ကွက်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ထုတ်ပြန်မှုများ ရှိလာပါတယ်။
#PeopleMedia #ပညာရေး