၂၀၂၀ ရွေးကောက်ပွဲ၌ အများဆုံးအနိုင်ရသည့် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် မျှော်လင့်ထားကြောင်း စစ်ဥပဒေချုပ်(ငြိမ်း) ဦးစိုးမောင်ပြောဆို
PUBLISHED - September 24, 2019
“တိုင်းပြည်ထူထောင်တဲ့နေရာမှာ အကျင့်စိတ်ဓာတ်မကောင်းတဲ့လူတွေနဲ့ ထူထောင်လို့မရဘူး” ဦးစိုးမောင် (အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)
ဦးစိုးမောင်သည် တပ်မတော်၌ ဒုတိယဗိုလ်ချုပ်ကြီး စစ်ဥပဒေ ချုပ်တာဝန်ဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်လက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။
လက်ရှိအချိန်၌ ဦးစိုးမောင်သည် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ – ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။
၂၀၂၀ ရွေးကောက်ပွဲ၌ ၄င်းတို့ပါတီ၏ နိုင်ငံရေးမျှော်မှန်းချက်ကို People Media မှ ဦးစိုးမောင် (အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ) နှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။