၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံကြသူများ၊ ဝန်းရံကြသူများအပါအဝင် ပါတီဝင်များနှင့် အတူရှိကြောင်း ပြသသည့်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီက Flag Campaign ယနေ့စတင် ပြုလုပ်

PUBLISHED - January 14, 2021
ရန်ကုန်၊ ဇန်နဝါရီ – ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံကြသူများ၊ ဝန်းရံကြသူများအပါအဝင် ပါတီဝင်များနှင့် အတူရှိကြောင်း ပြသသည့်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီက က Flag Campaign ယနေ့မှစတင်၍ ပြုလုပ် လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
အဆိုပါ Flag Campaign ကို တိုင်းဒေသကြီး/ပြည်နယ်များရှိ ပါတီရုံးများ၊ မြို့နယ်ရုံးများ၊ ရပ်ကျေးရုံးများအပါ အဝင် ပါတီဝင်များ၏ နေအိမ်များ၊ ထောက်ခံသူများ၏နေအိမ်များ၌ ဆောင်ရွက်နေကြောင်း ဦးသိန်းထွန်းဦးက ပြောပါတယ်။
အလားတူ ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ၌ UEC ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကန့် ကွက်နေသည့် ပြည်သူများနှင့်လည်း ပြည်ခိုင်ဖြိုးပါတီက ထပ်တူရှိနေကြောင်း ဦးသိန်းထွန်းဦးက ပြောပါတယ်။
လက်ရှိအချိန်၌ ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်၊ ရခိုင်အမျိုးသားပါတီအပါအဝင် အခြားသော လွှတ်တော်ကိုယ်စား လှယ်များက ဒုတိယအကြိမ် လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူပေးရန် တောင်းဆိုထားသော်လည်း ပြည် ထောင်စုလွှတ်တော်ရုံးက ပယ်ချထားပါတယ်။
Photo – usdp
#PeopleMedia #USDP #FlagCampaign
(unicode)
………………………………………………………
Photo – usdp
#PeopleMedia #USDP #FlagCampaign