၂၀၂၀ ေ႐ြးေကာက္ပြဲ နိုဝင္ဘာလအတြင္း က်င္းပမည္ျဖစ္ေၾကာင္း UEC ေကာ္မရွင္အဖြဲ႕ဝင္ ေျပာဆုိ
PUBLISHED - June 4, 2020
ေနျပည္ေတာ္၊ ဇြန္ – ၄
၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို ယခင္ေ႐ြးေကာက္ပြဲမ်ား က်င္းပခဲ့သည့္အတိုင္း ႏုိဝင္ဘာလအတြင္း က်င္းပသြားရန္ စီစဥ္ထားသည္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏုိင္က ေျပာ သည္။
ယေန႔ မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးတြင္ ေနျပည္ေတာ္အေျခစိုက္ သတင္းမီဒီယာမ်ားႏွင့္ ေတြ႕ဆုံစဥ္ မီဒီယာမ်ား၏ေမးျမန္းမႈကုိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္နိုင္က အထက္ပါအတုိင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“အရင္တုန္းက က်င္းပတဲ့အတိုင္းပဲ ႏုိဝင္ဘာလထဲမွာျဖစ္မွာပါ”ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ဝင္ ဦးျမင့္နိုင္က ေျပာသည္။
၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပဌာန္းခ်က္အရ ေ႐ြးေကာက္ပြဲအား ၂၀၂၀ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ မျဖစ္ မေနက်င္းပရမည္ျဖစ္သည့္အတြက္ ေ႐ြးေကာက္ပြဲက်င္းပနိုင္ေရးႏွင့္ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္မႈမ်ား လုပ္ ေဆာင္ေနၿပီျဖစ္သည္ဟု ေ႐ြးေကာက္ပြဲေကာ္မရွင္ကဆိုသည္။
ထို႔အျပင္ ျမန္မာႏုိင္ငံအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားေနသျဖင့္ ႏုိင္ငံေတာ္မွာ ထုတ္ျပန္ထားသည့္ အမိန္႔ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ေ႐ြးေကာက္ပြဲက်င္းပနိုင္ေရးအေသးစိတ္စီစဥ္ေနၿပီး ရခိုင္ျပည္နယ္ႏွင့္ “ဝ” ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြမွာ ေ႐ြးေကာက္ပြဲက်င္းပနိုင္ေရးကိစၥေတြကိုလည္း သက္ဆိုင္ရာတာဝန္ရွိ ဝန္ႀကီး ဌာနမ်ားထံ အႀကံျပဳခ်က္ေတာင္းခံထားသည္ဟုလည္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ဆိုသည္။
ေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္နိုင္က “ကိုဗစ္ကာလဆိုေတာ့ ေမ်ာ္မွန္းၿပီးေတာ့ မ်ားေနတဲ့ ေနရာေတြကို မဲ႐ုံေတြ ထပ္ၿပီးေတာ့ ခြဲမလား ဒါေတြကို ကြၽန္ေတာ္တို႔ အေသးစိတ္လုပ္ေနပါတယ္”ဟု ရွင္းျပသည္။
လက္ရွိအခ်ိန္တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ၂၀၂၀ ေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲေပးနိုင္မည့္ အေျခခံမဲစာရင္းေကာက္ယူထားၿပီး ေ႐ြးေကာက္ပြဲကာလအတြင္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အလိုက္ ႀကီးၾကပ္ကြက္ကဲမည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္မ်ားစာရင္းကိုလည္း ထုတ္ျပန္ ေၾကညာထားၿပီးျဖစ္သည္။
သတင္း – ေအာင္ဆန္းဦး(နပတ)
#PeopleMedia #UEC #2020Election
(unicode)
၂၀၂၀ ရွေးကောက်ပွဲ နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း UEC ကော်မရှင်အဖွဲ့ဝင် ပြောဆို
…………………………………………………………
နေပြည်တော်၊ ဇွန် – ၄
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများ ကျင်းပခဲ့သည့်အတိုင်း နိုဝင်ဘာလအတွင်း ကျင်းပသွားရန် စီစဉ်ထားသည်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြော သည်။
ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် နေပြည်တော်အခြေစိုက် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် မီဒီယာများ၏မေးမြန်းမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အရင်တုန်းက ကျင်းပတဲ့အတိုင်းပဲ နိုဝင်ဘာလထဲမှာဖြစ်မှာပါ”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင် ဦးမြင့်နိုင်က ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ ရွေးကောက်ပွဲအား ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် မဖြစ် မနေကျင်းပရမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ လုပ် ဆောင်နေပြီဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်ကဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသဖြင့် နိုင်ငံတော်မှာ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲကျင်းပနိုင်ရေးအသေးစိတ်စီစဉ်နေပြီး ရခိုင်ပြည်နယ်နှင့် “ဝ” ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိ ဝန်ကြီး ဌာနများထံ အကြံပြုချက်တောင်းခံထားသည်ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။
ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ကိုဗစ်ကာလဆိုတော့ မျော်မှန်းပြီးတော့ များနေတဲ့ နေရာတွေကို မဲရုံတွေ ထပ်ပြီးတော့ ခွဲမလား ဒါတွေကို ကျွန်တော်တို့ အသေးစိတ်လုပ်နေပါတယ်”ဟု ရှင်းပြသည်။
လက်ရှိအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ထွေထွေရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့် အခြေခံမဲစာရင်းကောက်ယူထားပြီး ရွေးကောက်ပွဲကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ကြီးကြပ်ကွက်ကဲမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များစာရင်းကိုလည်း ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။
သတင်း – အောင်ဆန်းဦး(နပတ)
#PeopleMedia #UEC #2020Election