၂၀၂၀ ပြည့်နှစ်က အီရတ်တပ်မှူးကိုလုပ်ကြံမှုကြောင့် ထရမ့်ကို ဖမ်းဆီးရန် အီရတ်တရားရုံး အမိန့်ထုတ်

PUBLISHED - January 9, 2021
ဘက္ကဒက်၊ ဇန်နဝါရီ ၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
၂၀၂၀ ပြည့်နှစ်အစပိုင်းတွင် အီရတ်အရံရဲတပ်ဖွဲ့မှတပ်မှူုး အဘူ မာဒီ အယ်မူဟန်ဒီကို လုပ်ကြံမှုအပေါ် စုံစမ်းစစ်ဆေးမှုတစိတ်တပိုင်းအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကို ဘက္ကဒတ်မြို့ရှိ အီရတ်တ ရားရုံးတရုံးက ဖမ်းဝရမ်းထုတ်လိုက်သည်။
အယ်မူဟန်ဒီသည် အီရတ်မှ လူသိများခြေမြန်တပ်ဖွဲ့များ၏ဒုတိယတပ်မှူးကြီးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃ ရက်တွင် ဘက္ကဒတ်လေဆိပ်၌ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ထိပ်တန်းတပ်မှူးကြီး ကာဆမ် ဆိုလမ်မာနီ သေဆုံးခဲ့သည့်ပုံစံအတိုင်း ဒရုန်းဖြင့်လုပ်ကြံခံရခြင်းဖြစ်သည်။
ယာဉ်တန်းဖြင့်သွားလာနေစဉ်တိုက်ခိုက်မှုကို ထရမ့်က အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး တခုစာတန်ဖိုးအတွက် ၂ ခုကို ပြန်ယူနိုင်ခဲ့သည်ဟု ထရမ့်က နောက်ပိုင်းတွင် ကြွားဝါခဲ့သည်။
ထိုတိုက်ခိုက်မှုသည် အာဏာရှင်ဆန်သည့်လုပ်ရပ်ဖြစ်ပြီး တရားမဝင်ကြောင်း ကုလသမဂ္ဂ ဥပဒေပသတ်ဖြတ် ခြင်း၊ အကျဉ်းချုပ် သို့မဟုတ် စိတ်ထင်တိုင်းကြဲကွက်မျက်ခြင်းဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ အက်ဂနက် ကယ်လာမာဒ်က ပြောသည်။
ဇွန်လတွင်လည်း အီရန်က ထရမ့်ကိုဖမ်းဝရမ်းထုတ်ခဲ့ပြီး ကမ္ဘာတဝန်းရဲတပ်ဖွဲ့များကို အနီရောင်အဆင့် သတိပေးချက်လက်ဆင့်ကမ်းပေးရန်လည်း နိုင်ငံတကာရဲတပ်ဖွဲ့ကိုတောင်းဆိုခဲ့သည်။
ယခုထုတ်ပြန်လိုက်သည့်ဖမ်းဝရမ်းအရ ထရမ့်ကိုဖွင့်ထားသောအမှုသည် သေဒဏ်မြောက်သော ကြိုတင်ကြံစည်သည့်လူသတ်မှုဖြစ်သည်။
အဘူ မာဒီ အယ်မူဟန်ဒီ၏မိသားစုများ၏ထွက်ဆိုချက်များကိုမှတ်တမ်းတင်ပြီးနောက် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဟု တရားရုံးကပြောသည်။
တနင်္ဂနွေနေ့တွင် သေဆုံးမှုတနှစ်ပြည့်မည်ဖြစ်ပြီး အီရန်လိုလားသောအီရတ်နိုင်ငံမှလူများက အမေရိကန်ကို အမုန်းစကားများပိုပြောဆိုနေပြီး အီရတ်အရာရှိများလည်း ထိုထဲတွင်ပါဝင်နေသည်။
Ref : Iraqi court orders Trump arrest over Soleimani drone strike
#PeopleMedia
(unicode)
……………………………………………………………
ဘက်ကဒကျ၊ ဇနျနဝါရီ ၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
Ref : Iraqi court orders Trump arrest over Soleimani drone strike
#PeopleMedia