• Follow Us on

Home ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ NUG/PDF အဖွဲ့များမှ ရဟန်းသံဃာ ၉၂ ပါးကို သတ်ဖြတ်ခဲ့

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ NUG/PDF အဖွဲ့များမှ ရဟန်းသံဃာ ၉၂ ပါးကို သတ်ဖြတ်ခဲ့

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ NUG/PDF အကြမ်းဖက်အဖွဲ့များအနေနှင့် ရဟန်းသံဃာ ၉၂ ပါးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ NUG၊ PDF အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ ရဟန်းသံဃာ ၉၂ ပါးကို သတ်ဖြတ်ခဲ့ပါတယ်။ ပညာရေးဝန်ထမ်း ၈၈ ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ထို့ပြင် ၎င်းတို့ ဖျက်ဆီး၊ မီးရှို့၊ မိုင်းထောင်ခဲ့သည့် ဆေးရုံ၊ ဆေးခန်းပေါင်း ၅၅ခု၊ စာသင်ကျောင်း၊ ပညာရေး ဆိုင်ရာအဆောက်အအုံပေါင်း ၇၇၃ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၆၀၀ ကျော်တို့အား ဖျက်ဆီးခဲ့ကြောင်း သိ ရသည်။

 

“ဒီလိုလူမျိုးတွေဟာ ဒီလိုအဖျက်လုပ်ငန်းတွေလုပ်နေတဲ့ သူတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားတွေပြောနေတဲ့ ဖက်ဒရယ်အရေး ဆိုတာတွေကို လုပ်ဆောင် မယ့်သူတွေလား အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ပြီး သူတို့အာဏာရရှိရေးလုပ်ဆောင်မယ့်လူတွေလားဆိုတာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်နိုင်ပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ဗိုလ်ချုပ် ဇော်မင်းထွန်းက ခွဲခွဲခြားခြား ကွဲကွဲပြားပြားသိမြင်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ပြည်သူလူထု တစ်ရပ်လုံး ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရေးကို ဆက်လက်လုပ်ဆောင်သင့်ကြောင်းဖြင့် ပြောကြား သည်။

 

#PeopleMedia


Share this post