၂၀၂၁ ခုနှစ်တွင် လူအုပ်စုလိုက်ကိုရိုနာဗိုင်းရပ်စ်ခုခံနိုင်စွမ်းရှိနိုင်ရန်မဖြစ်နိုင်သေးဟု WHO သိပ္ပံပညာရှင်သတိပေး

PUBLISHED - January 12, 2021
ဂျီနီဗာ၊ ဇန်နဝါရီ ၂၁
နိုင်ငံအများအပြားတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစတင်ထိုးပေးနေသော်လည်း လူအုပ်စုလိုက်ကိုရိုနာ ဗိုင်းရပ်စ်ခုခံနိုင်စွမ်းရှိရန် ယခုနှစ်အတွင်းမဖြစ်နိုင်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ သိပ္ပံပညာ ရှင်အကြီးအကဲကသတိပေးသည်။
ကမ္ဘာ့နိုင်ငံများနှင့်နိုင်ငံသားများအနေဖြင့် လူချင်းခပ်ခွာခွာဆက်နေရန်နှင့် အခြားကူးစက်မှုထိန်းချုပ်ရေး နည်းလမ်းများကို တင်းတင်းကြပ်ကြပ်ဆက်လက်လိုက်နာရန်အရေးကြီးကြောင်းလည်း ဒေါက်တာ ဆူမျာ ဆွာမိနာသန်က တနင်္လာနေ့တွင်ပြောသည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ အစ္စရေးနှင့် နယ်သာလန်တို့တွင် ကာကွယ်ဆေးထိုးလုပ်ငန်းများစတင်နေကြသည်။
လူအုပ်စုလိုက်ရောဂါခံနိုင်စွမ်းအားရှိလာပါကလည်း နိုင်ငံအနည်းငယ်တွင်သာဖြစ်နိုင်ပြီး ကမ္ဘာတဝန်းလုံးမှ လူများကို ကာကွယ်နိုင်မည်မဟုတ်ကြောင်းလည်း ရှင်းပြသည်။
လူ ၇၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေးထိုးထားပါက လူအုပ်စုလိုက်ရောဂါခုခံနိုင်စွမ်းရှိလာမည်ဟု သိပ္ပံပညာရှင်များက စံသတ်မှတ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်၏အလွန်တရာကူးစက်လွယ်သည့် သဘောကြောင့် ပိုများရန်လိုအပ်နိုင်သည်ဟု သိပ္ပံပညာရှင်တချို့ကစိုးရိမ်နေသည်။
Ref : COVID-19 herd immunity unlikely in 2021 despite vaccines: UN
#PeopleMedia
(unicode)
……………………………………………….
Ref : COVID-19 herd immunity unlikely in 2021 despite vaccines: UN
#PeopleMedia