၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့စစ်အင်အားအကောင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ အဆင့် ၃၈ ရှိနေ

PUBLISHED - January 16, 2021
ရန်ကုန်၊ ဇန်နဝါရီ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မြန်မာနိုင်ငံဟာ အခု ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့စစ်အင်အားအကောင်းဆုံးနိုင်ငံများစာရင်းမှာ အဆင့် ၃၈ ရှိနေပြီးတော့ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကထက် အဆင့် ၃ ဆင့်ကျဆင်းသွားတာဖြစ်ပါတယ်။
Global Fire Power ဝက်ဆိုက်က ကမ္ဘာ့နိုင်ငံ ၁၃၈ နိုင်ငံကိုထည့်သွင်းတွက်ချက်ထားတဲ့ ၂၀၂၁ ခုနှစ် စစ်အင်အားအဆင့်သတ်မှတ်ချက်စာရင်းအရသိရတာပါ။
လူဦးရေ ၅၆ သန်းကျော်ရှိတဲ့မြန်မာနိုင်ငံမှာ စစ်မှုထမ်းနေသူခန့်မှန်းခြေ ၄၀၅၀၀၀ လောက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အိမ်နီးချင်းတရုတ်နိုင်ငံက အဆင့် ၃၊ အိန္ဒိယနိုင်ငံက အဆင့် ၄ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆင့် ၄၅၊ ထိုင်းနိုင်ငံက အဆင့် ၂၆၊ လာအိုနိုင်ငံက အဆင့် ၁၁၈ တို့အသီးသီးရှိနေပါတယ်။
အာဆီယံအဖွဲ့ဝင်တွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံကအဆင့် ၁၆၊ ဗီယက်နမ်က ၂၄၊ ထိုင်းက ၂၆၊ စင်ကာပူက ၄၀၊ မလေးရှားက ၄၄၊ ဖိလစ်ပိုင်က ၄၈၊ ကမ္ဘောဒီးယားက ၉၄၊ လာအိုက ၁၁၈ အသီးသီးရှိနေပါတယ်။
အဆင့် ၁ မှာတော့ အမေရိကန်၊ အဆင့် ၂ မှာရုရှား၊ အဆင့် ၃ မှာတရုတ်၊ အဆင့် ၄ မှာ အိန္ဒိယနဲ့ အဆင့် ၅ မှာ ဂျပန်နိုင်ငံတို့ရှိနေပါတယ်။
နိုင်ငံတနိုင်ငံရဲ့အင်အားညွှန်းကိန်းကိုဆုံးဖြတ်ရာမှာ အချက် ၅၀ ကိုထည့်သွင်း စဉ်းစားပြီး စစ်အင်အားကြီးမှုနဲ့ ဘဏ္ဍာရေးကိစ္စတွေကနေ ထောက်ပို့စွမ်းရည်နဲ့ ပထဝီဝင်အနေအထားတွေကိုပါ ထည့်သွင်းတွက်ချက်ထား တယ်လို့ Global Fire Power ကပြောထားပါတယ်။
#PeopleMedia
(unicode)
……………………………………………….
#PeopleMedia