၂၀၂၁ ခုႏွစ္အထိ ထိုင္းႏိုင္ငံ၏ႏိုင္ငံတကာနယ္နိမိတ္မ်ားကို ျပန္ဖြင့္မည္မဟု တ္ဟုဆို
PUBLISHED - August 11, 2020
ဘန္ေကာက္၊ ၾသဂုတ္ ၁၀
ယခုႏွစ္မကုန္ခင္အထိ ထိုင္းႏိုင္ငံ၏နယ္နိမိတ္မ်ားကို ကမာၻလွည့္ခရီးသည္မ်ားအတြက္ ဖြင့္ေပးသြားမ ည္မဟုတ္ဟု ထိုင္းအစိုးရခရီးသြားအာဏာပိုင္အဖြဲ႔မွ ဒုတိယအုပ္ခ်ဳပ္ေရးမွဴးတစ္ေယာက္ကေျပာသည္။
Mekong Tourism and TravelMole အဖြဲ႔ကႀကီးမွဴးက်င္းပသည့္အြန္လိုင္အစည္းအေ၀းတစ္ခုတြင္ ထိုင္းခရီးသြားအာဏာပိုင္အဖြဲ႔မွဒုတိယအုပ္ခ်ဳပ္ေရးမွဴး Chattan Kunjara Na Ayudhya က ႏိုင္ငံအဆင့္ COVID-19 အေျခအေနအပတ္စဥ္ေဆြးေႏြးပြဲမ်ားတြင္ ျပည္တြင္းျပည္ပအပန္းေျဖခရီးသြားလုပ္ငန္းမ်ား ျပန္ဖြင့္လွစ္မည့္အခ်ိန္ႏွင့္ပတ္သက္၍ ေဆြးေႏြးမႈမ်ားမ႐ွိဟု ေျပာသည္။
နယ္စပ္မ်ားျပန္ဖြင့္ရန္ ထိုင္းအစိုးရက အလြန္႔အလြန္သတိထားေနၿပီး အနည္းဆံုး ၂၀၂၁ ခုႏွစ္မတိုင္မီ ခရီးသြားမ်ားကို ႀကိဳဆိုမည္ဟုမေမွ်ာ္လင့္ေၾကာင္းလည္းေျပာသည္။
တင္းၾကပ္သည့္အစီအမံမ်ားျဖင့္ ထိုင္းႏိုင္ငံတြင္းျပန္၀င္ခြင့္ျပဳသူမ်ားကို သံတမန္မ်ားႏွင့္ကုလသမဂၢအရာ႐ွိမ်ားမွ စီးပြားေရးလုပ္ငန္း႐ွင္မ်ား၊ ထိုင္းအစိုးရႏွင့္သေဘာတူထားသည့္ရင္းႏွီးႁမွဳပ္ႏွံသူမ်ား၊ ႐ုပ္႐ွင္အဖြဲ႔သားမ်ား၊ အခ်ိဳ႕ေသာေ႐ႊ႕ေျပာင္းလုပ္သားမ်ား၊ ျပပြဲခန္းမလုပ္သားမ်ားႏွင့္ ထိုင္းအထူးဗီဇာကိုင္ေဆာင္ထားသူမ်ားအထိ ထပ္တိုးလိုက္သည္။
သို႔ေသာ္ ျပန္လာသူမ်ားကို ထြက္ခြာလာသည့္ႏိုင္ငံအပါအ၀င္ အခန္းက႑မ်ားခြဲထားသလို ျပန္၀င္လာသူတိုင္း ထိုင္းအစိုးရသတ္မွတ္ထားသည့္ေနရာမ်ားတြင္ ၁၄ ရက္ အသြားအလာကန္႔သတ္ေစာင့္ၾကည့္မႈခံယူရသည္။
Ref : Thailand’s international borders not re-opening for tourists until 2021 – TAT
(unicode)
၂၀၂၁ ခုနှစ်အထိ ထိုင်းနိုင်ငံ၏နိုင်ငံတကာနယ်နိမိတ်များကို ပြန်ဖွင့်မည်မဟု တ်ဟုဆို
…………………………………………………
ဘန်ကောက်၊ ဩဂုတ် ၁၀
ယခုနှစ်မကုန်ခင်အထိ ထိုင်းနိုင်ငံ၏နယ်နိမိတ်များကို ကမ္ဘာလှည့်ခရီးသည်များအတွက် ဖွင့်ပေးသွားမ ည်မဟုတ်ဟု ထိုင်းအစိုးရခရီးသွားအာဏာပိုင်အဖွဲ့မှ ဒုတိယအုပ်ချုပ်ရေးမှူးတစ်ယောက်ကပြောသည်။
Mekong Tourism and TravelMole အဖွဲ့ကကြီးမှူးကျင်းပသည့်အွန်လိုင်အစည်းအဝေးတစ်ခုတွင် ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့မှဒုတိယအုပ်ချုပ်ရေးမှူး Chattan Kunjara Na Ayudhya က နိုင်ငံအဆင့် COVID-19 အခြေအနေအပတ်စဉ်ဆွေးနွေးပွဲများတွင် ပြည်တွင်းပြည်ပအပန်းဖြေခရီးသွားလုပ်ငန်းများ ပြန်ဖွင့်လှစ်မည့်အချိန်နှင့်ပတ်သက်၍ ဆွေးနွေးမှုများမရှိဟု ပြောသည်။
နယ်စပ်များပြန်ဖွင့်ရန် ထိုင်းအစိုးရက အလွန့်အလွန်သတိထားနေပြီး အနည်းဆုံး ၂၀၂၁ ခုနှစ်မတိုင်မီ ခရီးသွားများကို ကြိုဆိုမည်ဟုမမျှော်လင့်ကြောင်းလည်းပြောသည်။
တင်းကြပ်သည့်အစီအမံများဖြင့် ထိုင်းနိုင်ငံတွင်းပြန်ဝင်ခွင့်ပြုသူများကို သံတမန်များနှင့်ကုလသမဂ္ဂအရာရှိများမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ထိုင်းအစိုးရနှင့်သဘောတူထားသည့်ရင်းနှီးမြှုပ်နှံသူများ၊ ရုပ်ရှင်အဖွဲ့သားများ၊ အချို့သောရွှေ့ပြောင်းလုပ်သားများ၊ ပြပွဲခန်းမလုပ်သားများနှင့် ထိုင်းအထူးဗီဇာကိုင်ဆောင်ထားသူများအထိ ထပ်တိုးလိုက်သည်။
သို့သော် ပြန်လာသူများကို ထွက်ခွာလာသည့်နိုင်ငံအပါအဝင် အခန်းကဏ္ဍများခွဲထားသလို ပြန်ဝင်လာသူတိုင်း ထိုင်းအစိုးရသတ်မှတ်ထားသည့်နေရာများတွင် ၁၄ ရက် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူရသည်။
Ref : Thailand’s international borders not re-opening for tourists until 2021 – TAT