၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့၌ ထိန်းသိမ်းခံခဲ့ရသည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာ မြင့် ပြန်လည်လွတ်မြောက်
PUBLISHED - January 27, 2022
ရန်ကုန်၊ ဇန်နဝါရီ ၂၇ (People Media)
တပ်မတော်က နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့၌ ထိန်းသိမ်း ခံခဲ့ရသော NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးဟံသာမြင့်သည် ယနေ့ ပြန်လည်လွတ်မြောက် လာခဲ့ပါတယ်။
ပြီးခဲ့သည့်လပိုင်းက ပုဒ်မ ၅၀၅−ခ ဖြင့် အင်းစိန်ထောင်ရှိ အထူးတရားရုံးတွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီး နောက် ယနေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပါတယ်။
“လွတ်လာတာက ဟုတ်ပါတယ်။ မနက်ကပဲ လွတ်လာတာပါ၊ အခုလောလောဆယ်တော့ နေအိမ်မှာပဲ ရှိနေပါ တယ်” လို့ ဦးဟံသာမြင့်နှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။
Photo – Credit
#PeopleMedia #NLD
(unicode)
………………………………………………………
Photo – Credit
#PeopleMedia #NLD