၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစပြီး မြန်မာနိုင်ငံတဝှမ်း၌ လူဦးရေ (၄၂၅,၀၀၀) ကျော်သည် နေရပ် စွန့်ခွာထွက်ပြေးခဲ့ရကြောင်း OCHA Myanmar ထုတ်ပြန်

PUBLISHED - February 2, 2022
နေပြည်တော်၊ ဖေဖော်ဝါရီ ၂ (People Media)
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစပြီး မြန်မာနိုင်ငံတဝှမ်း၌ လူဦးရေ ၄၂၅,၀၀၀ ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း OCHA Myanmar မှ ယနေ့ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား ဖြစ်ပွားသည့်တိုက်ပွဲများသည် ပိုမိုပြင်းထန်လာပြီး အထူးသဖြင့် ကယားပြည်နယ်မှာ လက် နက်ကြီးအသုံးပြုမှု၊ လေကြောင်းမှ တိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုများရှိနေသည့်သတင်းကို ကြားသိရ ကြောင်း ထုတ်ပြန်ထားသည်။
ကယားပြည်နယ်ထဲမှ လူပေါင်း ၁၃,၀၀၀ ခန့်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်လေးခုသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြရကြောင်း၊ သတင်းရေးသားချိန်အတွင်း ဆီဆိုင်မြို့နယ်တွင် ၅,၀၀၀၊ ပင်လောင်းမြို့နယ်တွင် ၄,၀၀၀၊ ညောင်ရွှေမြို့နယ်တွင် ၃,၀၀၀နှင့် တောင်ကြီးမြို့နယ်တို့တွင် ၁,၀၀၀ ခန့် ယာယီနေထိုင်နေကြရ ကြောင်း ထုတ်ပြန်ထားသည်။
လုံခြုံရေးမတည်ငြိမ်မှုများကြောင့် ကယားပြည်နယ်ထဲတွင် လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူအချို့ သည် လုပ်ငန်းများကို ရပ်နားထားရသလို ဝန်ထမ်းများကို လုံခြုံသည့်နေရာများဆီကို ပြောင်းရွှေ့ထားရ ကြောင်း၊ ဆက်လက်လုပ်ငန်းဆောင်ရွက်နေကြသူ မိတ်ဖက်များအနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်း၊ လူထု အခြေပြုအဖွဲ့အစည်းများကတဆင့် ထိခိုက်လွယ်သူနှင့် တိုက်ပွဲရှောင်လာသူများအတွက် အရေးပေါ် အကူအ ညီနှင့် အကာအကွယ်ပေးရေးအစီအစဉ်များ ဆက်လက်ပေးအပ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Photo – OCHA Myanmar
#PeopleMedia #စစ်ဘေးရှောင် #OCHAMyanmar
(unicode)
……………………………………………………………….
Photo – OCHA Myanmar