• Follow Us on
Latest News

Home ၂၀၂၁ မှ ၂၀၂၄ အထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားလူနာ ၂ ဒသမ ၈၁ သန်းကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခဲ့

၂၀၂၁ မှ ၂၀၂၄ အထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားလူနာ ၂ ဒသမ ၈၁ သန်းကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခဲ့

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားလူနာ ၂ ဒသမ ၈၁ သန်းကျော်ကို ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်မြို့နယ် ၁၂၂ မြို့နယ်ရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမား ၁ ဒသမ ၂၄ သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတကာလူမှုဖူလုံ ရေးအဖွဲ့ (International Social Security Association- ISSA)၊ အာဆီယံလူမှုဖူလုံရေးအသင်း (ASEAN Social Security Association-ASSA) တို့၌ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး နိုင်ငံတကာအဆင့်မီ ထိရောက် ကောင်းမွန်သည့် လူမှုဖူလုံရေးလုပ်ငန်း ဆောင်ရွက်မှုများပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး အာမခံအလုပ်သမားများအား ပိုမိုထိရောက်ကောင်းမွန်ပြီး အလွယ်တကူ လက်လှမ်းမီ သည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် နိုင်ငံတကာ၌ လူမှုကျန်းမာရေးအာမခံစနစ် (Social Health Insurance) အရ ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို လေ့လာကာ Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများနှင့် စာချုပ်ချုပ်ဆို၍ Capitation Payment ဖြင့် ဆေးခန်း ၂၁ ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း ၄၀ တို့ကို ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမား လူနာ ၂ ဒသမ ၈၁ သန်းကျော်ကို ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း ပြော သည်။

 

ထို့ပြင် လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်အာမခံအလုပ်သမား ဦးရေ၏ ၅၀ ရာခိုင်နှုန်း ကျော်ခန့် သည် အမျိုးသမီး အာမခံအလုပ်သမားများဖြစ်သည့်အတွက် အမျိုးသမီးများ၏ ဘဝတစ်သက်တာအတွင်း တွေ့ကြုံရသည့် အရေး ကြီးကိစ္စဖြစ်သော မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှု အကျိုးခံစားခွင့်များကို ခွင့်ပြုပေးနိုင်ရန် ဆေးဖိုးပြန်အမ်းမှုဆိုင် ရာ ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆေးဖိုးကုန်ကျမှုများ ပြန်လည်ပေးအမ်းလျက်ရှိရာ ၂၀၂၂ ခုနှစ် ဧပြီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ အာမခံအမျိုးသမီးအလုပ်သမား ၁၇၄၁၃ ဦးအတွက် ငွေကျပ်သန်း ၂၁၈၆ ဒသမ ၆၄၉ ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည့်အပြင် မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဥပဒေအရ အာမခံအလုပ်သမားများက တင်ပြလာသည့် အကျိုး ခံစားခွင့်အမှုတွဲများကို အချိန်နှင့် တစ်ပြေးညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ ငွေကျပ် သန်းပေါင်း ၆၂၅၉၄ ဒသမ ၅၃၁ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

#PeopleMedia


Share this post