• Follow Us on

Home ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကုန်ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှု စရိတ်ကြီးမြင့်ခြင်းများကြောင့်ဟု နစကဥက္ကဋ္ဌ ပြောကြား

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကုန်ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှု စရိတ်ကြီးမြင့်ခြင်းများကြောင့်ဟု နစကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကုန်ဈေးနှုန်း များမြင့်တက်လာခဲ့ပြီး၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှု စရိတ်ကြီးမြင့်ခြင်းများကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်များထမ်း ဆောင်ရာတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းဆောင်ရွက်ခဲ့ရာ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ပြီး ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် တွင် စီးပွားရေးတိုးတက်မှုမှာ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိတိုးတက်ခဲ့သည်ကို ထုတ်ပြန်သည့်မှတ်တမ်းများအရ သိရှိနိုင်ကြောင်း၊ ယခင်အနုတ်ပြနေသည့် စီးပွားရေးမှ အပေါင်းဖြစ်သည်အထိ တိုးတက်လာခဲ့ခြင်းဖြစ်ပြီး အထိုက်အလျောက် တိုးတက်လာခြင်းဖြစ် ကြောင်း၊ ထိုအခြေအနေအပေါ်တွင် ကျေနပ်နေ၍မရကြောင်း၊ ပြောသည်။

 

မိမိတို့ အနေဖြင့်နိုင်ငံ့ဝင်ငွေမရှိဘဲ နိုင်ငံတည်ဆောက်ရေးလုပ်ငန်း၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်း၊ နိုင်ငံတည်ငြိမ်အေး ချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်၍မရကြောင်း၊ စီးပွားရေး ကောင်းမွန်ခြင်းမရှိပါက ရာဇဝတ်မှုများ ထူပြော လာမည်ဖြစ်ကြောင်း၊ အကြမ်း ဖက်မှုဖြစ်စဉ်များ၌ အချို့ဖြစ်စဉ်များသည် ပြန်ပေးဆွဲ၍ ငွေကြေးတောင်းယူခြင်း များ ဖြစ်သည်ကို စိစစ်ဖော်ထုတ်တွေ့ရှိရကြောင်း၊ အချို့သောအကြမ်းဖက်မှုများတွင် မိသားစုများပါ ပါဝင်နေ သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ့ စီးပွားတိုးတက်ရေးအတွက် ယခုထက်ပိုမိုတိုးတက် အောင် ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

“မွေးမြူရေးလုပ်ငန်းတွေကို အားထည့်ဆောင်ရွက်ပြီး အထွက်နှုန်းကောင်းအောင်ဆောင်ရွက်မယ်ဆိုရင် ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ အသားငါးဈေးတွေ ကျဆင်းရေးဟာ မိမိတို့အစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတစ်ရပ်ဖြစ်တာကို ပြောကြားလိုပါတယ်။”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကုန်ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှု စရိတ်ကြီးမြင့်ခြင်းများကြောင့် ဖြစ်ကြောင်း၊ ကုန်ထုတ် လုပ်မှုစရိတ် ကြီးမြင့်ရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ကြောင်း၊ သို့သော် ထုတ်လုပ်မှုနှင့် စား သောက်မှု မမျှတခြင်းကို မိမိတို့အနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ဖြေရှင်းဆောင် ရွက်နိုင်ရန် အတွက် စက်ရုံအလုပ်ရုံများကို အပြည့်အဝလည်ပတ်နိုင်ရန်လိုကြောင်း၊  အစိုးရစက်ရုံများမှာအကြောင်း အမျိုးမျိုးကြောင့် လည်ပတ်နိုင်မှုမရှိခြင်းနှင့် ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝ မလည်ပတ်နိုင်ခြင်း တို့ကြောင့် ထုတ်ကုန်များနည်း ပါးနေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့ သည်။

 

#PeopleMedia


Share this post