• Follow Us on
Latest News

Home ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်အထိ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းလူဦးရေ (၈၇၃,၀၀၀) ရှိလာပြီဖြစ်ကြောင်း UN ထုတ်ပြန်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်အထိ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းလူဦးရေ (၈၇၃,၀၀၀) ရှိလာပြီဖြစ်ကြောင်း UN ထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် ၈

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းလူဦးရေ (၈၇၃,၀၀၀) ရှိလာပြီဖြစ်ကြောင်း United Nations Myanmar မှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းလူဦးရေ (၈၇၃,၀၀၀) ရှိလာပြီဖြစ်ပြီး အဆို ပါစာရင်းတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အိုးအိမ်စွန့်ခွာခဲ့သည့် ရွှေ့ပြောင်းလူဦးရေ (၅၀၂, ၆၀၀) နှင့် ပဋိပက္ခဖြစ်မှုများမှ ရွှေ့ပြောင်းလူဦးရေ (၃၇၀,၄၀၀) တို့လည်း အပါအဝင်ဖြစ်ကြောင်း အများစုမှာ အမျိုးသမီးများနှင့် မိန်းကလေးများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

၂၀၂၁ ခုနှစ်အတွင်းတွင် ကုလသမဂ္ဂအဖွဲ့အစည်းသည် တစ်နိုင်ငံလုံး အမျိုးသမီးပေါင်း ၂၈,၆၁၁ ဦးအတွက် ကျား-မ အခြေပြု အကြမ်းဖက်ခံရမှုအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် အမျိုးသမီး (၄၆,၁၅၈) ဦးအတွက် လိင်မှု ဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့ကြောင်း၊ တစ်နိုင်ငံလုံး အမျိုးသမီးနှင့် မိန်း ကလေး ၁ ဒသမ ၅ သန်းခန့်အတွက် ခံနိုင်စွမ်းရည်တည်ဆောက်ခြင်းကို ပံ့ပိုးပေးခဲ့ခြင်း၊ စာသင်ကျောင်း အတွင်း နေ့လည်စာကျွေးခြင်းအပါအဝင် အစားအစာနှင့် အာဟာရပံ့ပိုးကူညီခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ပဋိပက္ခဒဏ်ခံစားနေရသော အမျိုးသမီးနှင့် မိန်းကလေး (၁၂၀,၀၀၀) ကျော်ကို ရေကောင်းရေသန့်ရရှိရန် ထောက်ပံ့ပေးခဲ့ကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ရပ်ရွာအတွင်း ကလေးပျော်နေရာများ ဆောင်ရွက် ပေးပြီး အမျိုးသမီး (၃၅၀၀) နှင့် မိန်းကလေး (၁၄၀၀၀) ကျော်တို့ကိုလည်း စိတ်ကျမ်းမာရေးနှင့် စိတ်လူမှုပိုင်း ဆိုင်ရာပံ့ပိုးမှုများ ကူညီခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………………………….

 


 


 


 


 


 

#PeopleMedia


Share this post