၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ဗီယက်နမ်ဆန် ဆွတ်ခူးရရှိ
PUBLISHED - December 8, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၈
ဖိလစ်ပိုင်နိုင်ငံ ဆီးဘူးမြို့မှာ နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပခဲ့တဲ့ နိုင်ငံတကာကမ္ဘာ့ ဆန်စပါးညီလာခံမှာ ထိုင်းနိုင်ငံကိုကျော်တက်ပြီး ဗီယက်နမ်နိုင်ငံက နောက်ထပ်တစ်ကြိမ် ကမ္ဘာ့အကောင်းဆုံး ဆန်စပါးဆုကို ဆွတ်ခူးသွားကြောင်း The Nation မီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။
ဗီယက်နမ်နိုင်ငံက တင်ပြလာတဲ့ဆန်အမျိုးအစားတွေထဲက ST25 ဆန်အမျိုးအစားဟာ တခြားနိုင်ငံအများအ ပြားက တင်ပြလာတဲ့ဆန်အမျိုးအစားပေါင်း ၃၀ ကျော်ကို အနိုင်ယူပြီး ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် အသိအ မှတ်ပြုခံလိုက်ရတာဖြစ်ကြောင်း ထိုင်းဆန်စပါးပြည်ပတင်ပို့ရေးအဖွဲ့ ဥက္ကဋ္ဌ ချိူကီယတ်အိုဖာဝန်ဆီက ပြောပါ တယ်။
ထိုင်းနိုင်ငံထုတ် ဆန်တွေကို အရည်အသွေးမြင့်မားမှု၊ စံနှုန်းတိကျမှုနဲ့ အချိန်မီတင်ပို့နိုင်မှုတို့အတွက် ကမ္ဘာတစ် ဝန်းကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားပေမဲ့ ဒီနှစ်မှာ အဲဒီဆန်ပြိုင်ပွဲထဲကို ထိုင်းနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင် ခြင်းမရှိခဲ့ကြောင်း ၎င်းက ပြောပါတယ်။
ကမ္ဘောဒီးယားဆန်၊ အိန္ဒိယဆန်နဲ့ ဗီယက်နမ်ဆန် သုံးမျိုးသာ ထိပ်ဆုံးနေရာကိုရောက်ရှိခဲ့ကြောင်း ထိုင်း ဆန် ကုန်သည်များအဖွဲ့က ပြောပါတယ်။
ဗီယက်နမ်ပုဂ္ဂလိကကုမ္ပဏီတွေက စိုက်ပျိုးထုတ်လုပ်တဲ့ ဗီယက်နမ်ဆန်မျိုးကွဲဟာ ကမ္ဘာ့စားတော်ကဲတွေရဲ့ တညီတညွတ်တည်းထောက်ခံမှုကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံထုတ် ဟွမ်မာလီ ၁၀၅ (Hom Mali 105) ဆန်ဟာ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး ဆန်အဖြစ် နှစ်နှစ်ဆက်တိုက် ဆုရရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ ကမ္ဘောဒီးယားနိုင်ငံထုတ် ဖာရမ်းဒို (Phka Rumduol) ဆန်ဟာ ထိုင်းနိုင်ငံထုတ် ဟွမ်မာလီ ၁၀၅ ဆန်ကိုကျော်လွန်ပြီး ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ဆွတ်ခူးသွားပါတယ်။
အခု ၂၀၂၃ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံက ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ဆွတ်ခူးသွားတဲ့အတွက် ထိုင်းနိုင်ငံဟာ ကမ္ဘာ့အကောင်းဆုံးဆန်ဆုနဲ့ နှစ်နှစ်ဆက်တိုက် လွဲချော်ခဲ့ပြီဖြစ်ပါတယ်။
Ref: Vietnam wins world’s best rice award while Thai rice fails to make it to top 3: The Nation
#PeopleMedia