• Follow Us on

Home ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ အိမ်ရာအဝယ်အများဆုံးနိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတွေ တတိယနေရာ ရယူထား

၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ အိမ်ရာအဝယ်အများဆုံးနိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတွေ တတိယနေရာ ရယူထား

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇

 

ထိုင်းနိုင်ငံအနောက်ဘက်က အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံက ဝယ်လက်တွေဟာ ၂၀၂၃ ခုနှစ်အတွင်း ထိုင်း အိမ်ခြံမြေတွေဝယ်ယူရာမှာ ဘတ်ငွေ ၂.၂၅ ဘီလျံသုံးစွဲခဲ့တဲ့အတွက် တရုတ်နဲ့ ရုရှား ဝယ်လက်တွေပြီးရင် အ မြင့်ဆုံးဝယ်လက်နေရာကို ရောက်ရှိလာတယ်လို့ REIC ရဲ့ ထုတ်ပြန်ချက်အရသိရကြောင်း ထိုင်းနိုင်ငံ အိမ်ခြံမြေ စီမံခန့်ခွဲရေး Colliers ကုမ္ပဏီရဲ့ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ကာလိုပိုဘရီက ပြောကြားလိုက်ပါတယ်။

 

“မြန်မာနိုင်ငံသားတွေ ဝယ်ယူတဲ့ အိမ်ခြံမြေတွေဟာ ပျှမ်းမျှဈေးနှုန်း ဘတ်ငွေ ၆.၅ သန်းရှိတဲ့အတွက် တရုတ်နဲ့ ရုရှားဝယ်လက်တွေ ဝယ်လေ့ရှိတဲ့ဈေးနှုန်းထက် မြင့်မားနေတာ သတိပြုစရာပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

မြန်မာနိုင်ငံက ငွေကြေးသုံးစွဲနိုင်တဲ့ ဝယ်လက်တွေဟာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းကစပြီး ထိုင်းနိုင်ငံထဲက တန်ဖိုး ကြီးအိမ်ရာတွေကို သိမ်းကြုံးဝယ်ယူနေကြတဲ့အတွက် မြန်မာဝယ်လက်တွေဟာ အိမ်ခြံမြေဈေးကွက်ထဲမှာ ထိပ် ဆုံးကဝယ်လက်တွေဖြစ်နေကြောင်း ကာလိုပိုဘရီက ပြောပါတယ်။

 

ထိုင်းနိုင်ငံ ဘန်ကောက်၊ ဖူးခက်နဲ့ ချင်းမိုင်က အိမ်ခြံမြေတွေကို မြန်မာဝယ်လက်တွေက စိတ်အဝင်စားဆုံးဖြစ် ကြောင်း အစိုးရအိမ်ရာမြေရဲ့ ဘန်ကောက်အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) က ပြောကြောင်း ၎င်းက ပြောပါတယ်။

 

ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံသားတွေဝယ်ယူနေတဲ့ အိမ်ရာတွေဟာ ဘတ်ငွေ ၁၀ သန်းကနေ သန်း ၂၀ ဝန်း ကျင်ရှိတဲ့ ဇိမ်ခံကွန်ဒိုတိုက်ခန်းတွေဖြစ်ကြောင်း ကာလိုပိုဘရီက ပြောပါတယ်။

 

အထင်ရှားဆုံးနေရာတွေကတော့ ဆေးရုံတွေ၊ နိုင်ငံတကာစာသင်ကျောင်းတွေ၊ ဈေးဝယ်စင်တာတွေ၊ ဟိုတယ် တွေနဲ့ နီးတဲ့ ဆတ်ခုန်ဗစ်လမ်း၊ ဖရုမ်ဖောင်လမ်း၊ အဆုတ်လ်းလမ်းတို့နဲ့ နီးကပ်တဲ့နေရာတွေပါဝင်တယ်လို့ဆိုပါ တယ်။

 

အလတ်အလတ်တန်းစားသုံးစွဲနိုင်တဲ့ မြန်မာဝယ်လက်တွေကတော့ အရီးနဲ့ ဖရာထိုင်းဇုံတွေမှာရှိပြီး အထူးသ ဖြင့် မိုးပျံရထားလမ်းတစ်လျှောက်နီးကပ်တဲ့နေရာတွေမှာရှိတဲ့ ဘတ်ငွေ ၅ သန်းကနေ ၁၀ သန်းအထိ တန်တဲ့ ကွန်ဒိုတိုက်ခန်းတွေကို စိတ်ဝင်စားပါတယ်။

 

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ အဲဒီနေရာတွေဟာ အခန်းငှားစားတာပဲဖြစ်ဖြစ် ပြန်ရောင်းဖို့ပဲဖြစ်ဖြစ် တွက်ချေကိုက်တယ်လို့ ဆိုပါတယ်။

 

“ဒီအုပ်စုမှာပါတဲ့ ဝယ်လက်တွေကတော့ များသောအားဖြင့် လူငယ်တွေဖြစ်တာများပါတယ်။ သူတို့က အခန်းငှား စားဖို့ဖြစ်စေ ပြန်ရောင်းဖို့ဖြစ်စေ ရင်းနှီးမြှုပ်နှံကြတာဖြစ်တယ်။” လို့ ပိုဘရီက ပြောပါတယ်။

 

မြန်မာလူချမ်းသာတွေကတော့ ဖူးခက်မှာရှိတဲ့ အထူးသဖြင့် လာဂူနာနဲ့ ဘန်းထိုဇုံတွေမှာရှိတဲ့ ရေကူးကန်ပါတဲ့ အိမ်ကြီးရခိုင်တွေကို စိတ်ဝင်စားကြတာများပြီး အဲဒီဇိမ်ခံအိမ်ကြီးတွေဟာ ဆောက်လုပ်မပြီးခင်ကတည်းက ရောင်းထွက်နေကြတဲ့ ဘတ်ငွေ သန်း ၄၀ ကျော်တန်အိမ်ကြီးတွေဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

ချင်းမိုင်မှာတော့ မြန်မာဝယ်လက်တွေဟာ အငြိမ်းစားယူပြီးနားနေဖို့အတွက်ဖြစ်စေ မိသားစုအလိုက် အပန်းဖြေ ဖို့ဖြစ်စေ ဘတ်ငွေ သန်း ၂၀-၃၀ ကြားရှိတဲ့ လုံးချင်းအိမ်လေးတွေကို ဝယ်ယူလေ့ရှိတယ်လို့ ဆိုပါတယ်။

 

“မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပွားနေတာက အရေးအကြောင်းပေါ်လာရင် ထိုင်းနိုင်ငံထဲမှာ ဒုတိယအိမ်အဖြစ် ခိုလှုံနိုင်ဖို့အတွက် မြန်မာသန်းကြွယ်သူဌေးတွေကို အိမ်ရာတွေဝယ်ဖို့ တွန်းပို့နေတဲ့ အရေးပါ တဲ့ အကြောင်းအချက်တစ်ခုဖြစ်ပါတယ်။” လို့ ကာလိုပိုဘရီက ပြောပါတယ်။

 

“မြန်မာဝယ်လက်တွေက တရုတ်ဝယ်လက်တွေနဲ့ မတူဘူး။ မြန်မာတွေဟာ တရုတ်တန်းလို လူမှုအသိုင်းအဝိုင်း တစ်ခုထဲမှာ အတူတူပူးပေါင်းနေထိုင်တာမျိုးထက် သီးခြားလွတ်လွတ်လပ်လပ် နေရတာကို ပိုကြိုက်ကြပါတယ်။ မြန်မာဝယ်လက်တွေကို စိတ်ဝင်စားလာအောင် ဆွဲဆောင်စည်းရုံးမယ့် အိမ်ရာရောင်းချသူတွေအနေနဲ့ ဒီအချက် ကို သတိပြုမိဖို့ လိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Bangkok, Chiang Mai and Phuket attract property buyers from Myanmar

 

#PeopleMedia


Share this post