• Follow Us on
Latest News

Home ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံကွန်ဒိုတိုက်ခန်းအရောင်း ၂၅% မြင့်တက်ခဲ့

၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံကွန်ဒိုတိုက်ခန်းအရောင်း ၂၅% မြင့်တက်ခဲ့

Share this post

နိုင်ငံတကာ၊ ဧပြီ ၄

 

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းပေါင်း ၁၄၄၄၉ ခန်း ဝယ်ယူခဲ့ရာ ထိုင်း ဘတ်ငွေ ၇၃.၁၆ ဘီလျံကျော်သုံးစွဲခဲ့ကြောင်း အစိုးရအိမ်ရာဘဏ်ရဲ့ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) က ဗုဒ္ဓဟူးနေ့ (ဧပြီ ၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ကွန်ဒိုတိုက်ခန်းဝယ်ယူတဲ့အရေအတွက်ဟာ အရင်နှစ်ထက် ၂၅% မြင့်တက်လာခဲ့သလို ရောင်းချခဲ့ရတဲ့ ကွန်ဒို တိုက်ခန်းစုစုပေါင်း ဈေးနှုန်းဟာလည်း ၂၃.၅% မြင့်တက်လာခဲ့ကြောင်း REIC ညွှန်ကြားရေးမှူး ဝီချိုင်းဝီရတ် ကာပန်က ပြောပါတယ်။

 

အရေအတွက်နှစ်ခုစလုံးဟာ ကိုဗစ်ကပ်ရောဂါမဖြစ်ခင်ကာလ ၂၀၁၉ ခုနှစ်က အရေအတွက်ထက် မြင့်မားတယ် လို့ ၎င်းက ပြောပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း ကွန်ဒိုတိုက်ခန်းဝယ်ယူတဲ့နိုင်ငံခြားတွေထဲမှာ တရုတ်နိုင်ငံသားတွေက ၆,၆၁၄ ခန်း ဝယ်ယူ ခဲ့ရာ ဝယ်ယူမှုအားလုံးရဲ့ ၄၅.၈% နဲ့ ပထမနေရာမှာ ရှိနေခဲ့ပါတယ်။

 

ရုရှားက ၁,၂၆၀ ခန်း (၈.၇%) နဲ့ ဒုတိယ၊ အမေရိကန်ပြည်ထောင်စုက ၆၃၁ ခန်း (၄.၄%) နဲ့ တတိယ၊ မြန်မာ က ၅၆၄ ခန်း (၃.၉%) နဲ့ စတုတ္ထ၊ ထိုင်ဝမ်က ၅၃၂ ခန်း (၃.၇%) နဲ့ ပဉ္စမဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားသားတွေ ဝယ်ယူခဲ့တဲ့ ကွန်ဒိုတိုက်ခန်းအကျယ်အဝန်းဟာ ပျှမ်းမျှ ၃၉.၅ စတုရန်းမီ တာရှိပြီး တန်ဖိုးကဘတ်ငွေ ၅.၂ သန်းဝန်းကျင်ဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားတွေဝယ်ယူခဲ့တဲ့ ကွန်ဒိုတိုက်ခန်း ၈၀% ဟာ ချွန်ဘူရီ ဒါမှမဟုတ် ဘန်ကောက်မှာ ဖြစ်ပြီး တခြားအဝယ်များတဲ့ပြည်နယ်တွေကတော့ ချင်းမိုင်၊ ဖူးခက်နဲ့ ဆမွတ်ဆခုန်တို့ ဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ဘတ်ငွေ ၂၀.၉ ဘီလျံ တန်ကြေးရှိတဲ့ ကွန်ဒိုတိုက်ခန်း ၃၇၄၆ ခန်း နိုင်ငံ ခြားသားတွေထံ ရောင်းချခဲ့ရပြီး အရင်နှစ်ထက် ဝ.၉% လျော့ကျခဲ့တယ်လို့ REIC က ပြောပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ပြန်လည်လည်ပတ်လာမှုနဲ့ တရုတ်၊ ကာဇက်စတန်၊ အိန္ဒိယနဲ့ ထိုင်ဝမ်နိုင်ငံ သားတွေကို ကန့်သတ်အချိန်ကာလတစ်ခုအထိ ဗီဇာကင်းလွတ်ခွင့်ပေးခဲ့တာကြောင့် အခုလို ကွန်ဒိုတိုက်ခန်း အရောင်းမြင့်တက်လာခဲ့တာလို့ ဝီချိုင်းက ပြောပါတယ်။

 

နှစ်နိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ မြှင့်တင်ဖို့ အတွက် မတ်လ ၁ ရက်နေ့ကစပြီး တရုတ်နဲ့ ထိုင်းနိုင်ငံ ကြား အမြဲတမ်းဗီဇာကင်းလွတ်ခွင့်ကို ကျင့်သုံးခဲ့ပါတယ်။

 

နောက်ထပ်အကြောင်းရင်းတစ်ချက်ကတော့ အပန်းဖြေအနားယူဖို့ဖြစ်စေ အငြိမ်းစားယူပြီး အနားယူဖို့ဖြစ်စေ နိုင်ငံခြားသားတွေ အိမ်ရာတွေဝယ်ယူလာအောင် စေ့ဆော်ပေးနေတဲ့ ကမ္ဘာ့အစိတ်အပိုင်းတချို့က ပထဝီနိုင်ငံ ရေးဆိုင်ရာပဋိပက္ခတွေပဲဖြစ်ကြောင်း ဝီချိုင်းက ပြောပါတယ်။

 

Ref: REIC records 25% jump in foreign condo purchases in 2023

 

#PeopleMedia


Share this post