၂၀၂၃ ခုနှစ်အတွင်း YBS ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ၁၀၂ ဦးနှင့် သေဆုံးသူ ၂၈ ဦးရှိခဲ့
PUBLISHED - January 5, 2024
နေပြည်တော်၊ ဇန်နဝါရီ ၅
၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း YBS ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ၁၀၂ ဦးရှိခဲ့ပြီး သေဆုံးသူ ၂၈ ဦး ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၁ရက်အထိ ယာဉ်မတော်တဆမှု ၇၀ မှု၊ ယာဉ်တိုက်မှု ၆၃ မှုနှင့် အခြား အမှု ၇ မှုသာ ရှိခဲ့ပြီး၊ ယင်းဖြစ်စဉ်များကြောင့် ဒဏ်ရာရရှိသူ ၁၀၂ ဦးရှိခဲ့ပြီး သေဆုံးသူ ၂၈ ဦးရှိခဲ့ကြောင်း သိရ သည်။
လအလိုက်သေဆုံးမှု အများဆုံးမှာ မတ်လတွင် ယာဉ်တိုက်မှု ၆ မှုကြောင့် ဒဏ်ရာရရှိသူ ၂ ဦးနှင့် သေဆုံးသူ ၃ ဦး၊ မေလတွင် ယာဉ်တိုက်မှု ၁၁ မှုကြောင့် ဒဏ်ရာရရှိသူ ၁၃ ဦးနှင့် သေဆုံးသူ ၇ ဦး၊ သြဂုတ်လတွင် ယာဉ် တိုက်မှု ၅ မှုအပါအဝင် အခြားအမှု ၆ မှုကြောင့် ဒဏ်ရာရရှိသူ ၁၇ဦးနှင့် သေဆုံးသူ ၅ဦး၊ စက်တင်ဘာလတွင် ယာဉ် တိုက်မှု သုံးမှုအပါအဝင် အမှု ၆မှုကြောင့် ဒဏ်ရာရရှိသူ ၅ဦးနှင့် သေဆုံးသူ ၂ဦး၊ အောက်တိုဘာလတွင် ယာဉ် တိုက်မှု ၁၀ မှုကြောင့် ဒဏ်ရာရရှိသူ ၁၈ ဦးနှင့် သေဆုံး ၃ ဦးရှိခဲ့ကြောင်း သိရသည်။
#PeopleMedia