၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ ဆေးတက္ကသိုလ်များ၊ သွားတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်
PUBLISHED - August 19, 2023
နေပြည်တော်၊ သြဂုတ် ၁၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်တစ်ခုခုသို့ ပထမဦးစားပေးလျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်ရေးအဖွဲ့(အဆင့်မြင့်ပညာ ဦးစီးဌာန)မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။
ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံ ကျန်းမာရေးတက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူများသည် တက္ကသိုလ်ဝင် ခွင့်လျှောက်လွှာစာ အိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းရန် သတ်မှတ်ထားသော တက္ကသိုလ် (၂၆) ခုသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ပထမဦးစားပေးလျှောက်ထားသူများ အတွက်မူ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို အောက်ဖော်ပြပါ လျှောက်လွှာလက်ခံမည့်နေရာ (၈) ခု အနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များ၏ ဝင်ခွင့် ရွေးချယ်ရေးကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်မည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကို သေချာစွာဖတ်ရှုပြီးမှသာ ဝင်ခွင့်လျှောက်ထားရန် ဖြစ်ပါကြောင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ဩဂုတ်လ(၂၅)ရက်မှ စက်တင်ဘာလ (၁၀)ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင်(ပိတ်ရက်မရှိ) လက်ခံမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia