၂၀၂၃ ခုနှစ် ထိုင်းကွန်ဒိုဈေးကွက်မှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု မြင့်တက်
PUBLISHED - February 19, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉
၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ကွန်ဒိုမီနီယမ်ဈေးကွက်မှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ဘတ်ငွေ ၇၃.၁၆ ဘီလျံ ကျော်ရှိခဲ့ရာ တစ်နှစ်ပြီးတစ်နှစ် မြင့်တက်မှုနှုန်း ၂၃.၅% ရှိခဲ့ကြောင်း အစိုးရအိမ်ရာဘဏ်ရဲ့ အိမ်ခြံမြေသတင်း ဌာန Real Estate Information Centre – REIC) က သောကြာနေ့ (ဖေဖော်ဝါရီ ၁၆ ရက်နေ့) က ပြောကြား လိုက်ပါတယ်။
ဘတ်ငွေ ၇၃.၁၆ တန်ကြေးရှိတဲ့ စုစုပေါင်း ကွန်ဒိုမီနီယမ်တိုက်ခန်း ၁၄၄၄၉ ခန်းကို ၂၀၂၃ ခုနှစ်မှာ နိုင်ငံခြား သားတွေကို လွှဲပြောင်းပေးခဲ့ကြောင်း REIC က ပြောပါတယ်။
အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ရောင်းရတဲ့ ကွန်ဒိုတိုက်ခန်းအရေအတွက်ဟာ ၂၅% မြင့်တက်လာသလို ရောင်းရတဲ့ ကွန်ဒိုတိုက်ခန်းတန်ဖိုးငွေက ၂၃.၅% မြင့်တက်လာတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်ထဲမှာရောင်းချခဲ့တဲ့ ကွန်ဒိုတိုက်ခန်းအားလုံးထဲမှာ နိုင်ငံခြားသားတွေ ဝယ်ယူခဲ့တဲ့ တိုက်ခန်းတွေက ၁၃.၄% ဖြစ်ကြောင်း REIC က ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူခဲ့ရာမှာ တရုတ်က ၆၆၁၄ ခန်း၊ ရုရှားက ၁၂၆၀ ခန်း၊ အမေရိကန်က ၆၃၁ ခန်း၊ မြန်မာက ၅၆၄ ခန်း၊ ထိုင်ဝမ်က ၅၃၂ ခန်း၊ ဗြိတိန်က ၄၈၆ ခန်း၊ ပြင်သစ်က ၄၈၄ ခန်း၊ ဂျာမန်က ၄၇၄ ခန်း၊ သြစတေးလျက ၂၇၁ ခန်း၊ ဂျပန်က ၂၆၆ ခန်းနဲ့ တခြားနိုင်ငံပေါင်းစုံက ၂၈၆၇ ခန်းဖြစ်ပါတယ်။
နိုင်ငံခြားသားဝယ်ယူမှုတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်က ဝယ်ယူမှုအဆင့် စတုတ္ထ မြောက်နေရာမှာပဲရှိပေမဲ့ တစ်ဦးချင်းဝယ်ယူမှုမှာ တိုက်ခန်းတစ်ခန်းကို ဘတ်ငွေ ၆.၆ သန်းတန် ဝယ်ယူနိုင်ခဲ့တဲ့ အထိ မြန်မာဝယ်လက်တွေရဲ့ ဝယ်ယူမှုတန်ဖိုး မြင့်မားနေတာပဲဖြစ်ကြောင်း REIC က ပြောပါတယ်။
တပြိုင်တည်းမှာပဲ ဗြိတိန်နိုင်ငံသားတွေကလည်း ကွန်ဒိုတိုက်ခန်းတွေဝယ်ယူရာမှာ ၅၆.၅ စတုန်ရန်းမီတာကျယ် ပြန့်တဲ့ တိုက်ခန်းတွေ ဝယ်ယူခဲတာကြောင့် တိုက်ခန်းအကျယ်ဆုံးဝယ်ယူခဲ့တဲ့နိုင်ငံသားတွေဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် အိမ်ခြံမြေဈေးကွက်ကတော့ ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ စားဝတ်နေရေးစရိတ်စက ကြီးမားမှုနဲ့ အိမ် ရာမြေအကြွေးတွေအပါအဝင် အကြောင်းရင်းလေးငါးချက်ကြောင့် အိမ်ငှားနေထိုင်တဲ့သူတွေသာ ရှိနေသေး ကြောင်း REIC ညွှန်ကြားရေးမှူး ဝီချိုင်းဗီရာတာကာဖန်းက ပြောပါတယ်။
ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ တင်းကျပ်တဲ့စံနှုန်းတွေကြောင့် ဘတ်ငွေ ၃ သန်း ချေးယူလို့မရတဲ့အတွက် အိမ်ခြံ မြေဝယ်ယူမယ့် ဝယ်လက်တွေကို အဲဒီစံနှုန်းတွေက ဟန့်တားထားတာကြောင့် အခုနှစ်အတွင်း အိမ်ခြံမြေအများ စု အရောင်းထိုင်းနေတာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
ဝယ်လက်အသစ်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကြားမှာ ဝယ်လိုအားမြင့်တက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့နဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီက ချေးငွေရယူရာမှာ ဝယ်လက်တွေရဲ့ ယုံကြည်မှုကို မြှင့်တင်ဖို့အတွက် အိမ်ခြံ မြေဈေးကွက်ဟာ အစိုးရထံက အကူအညီအထောက်အပံ့တွေရယူဖို့ လိုအပ်ကြောင်း ဝီချိုင်းဗီရာတာကာဖန်းက ပြောပါတယ်။
Ref: 2023 saw big jump in foreigner investments in Thai condos
#PeopleMedia