• Follow Us on
Latest News

Home ၂၀၂၃ ခုနှစ် ဒူဘိုင်းလေကြောင်းပြပွဲမှာ ဒရုန်းအသစ် ၁၁ မျိုး၊ ဒုံးကျည်အသစ်တွေနဲ့ တခြားစစ်လက်နက်ပစ္စည်း တွေ EDGE ကုမ္ပဏီ ထုတ်ဖော်ပြသ

၂၀၂၃ ခုနှစ် ဒူဘိုင်းလေကြောင်းပြပွဲမှာ ဒရုန်းအသစ် ၁၁ မျိုး၊ ဒုံးကျည်အသစ်တွေနဲ့ တခြားစစ်လက်နက်ပစ္စည်း တွေ EDGE ကုမ္ပဏီ ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၅

 

UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ကျင်းပနေတဲ့ Dubai Airshow 2023 (၂၀၂၃ ခုနှစ် ဒူဘိုင်းလေကြောင်းပြပွဲ) မှာ EDGE ကုမ္ပဏီအုပ်စုက ခေတ်မီစစ်သုံးဒရုန်းအမျိုးအစားသစ် ၁၁ မျိုးနဲ့ စစ်လက်နက်ပစ္စည်းမျိုးစုံကို ထုတ်ဖော်ပြသခဲ့ ပါတယ်။

 

အဲဒီပြသထားတဲ့ ဒရုန်းတွေထဲမှာ REACH-M လို့ ခေါ်တဲ့ အမြင့်ပေအလယ်အလတ်ပျံ ဒရုန်းဟာ အလေးချိန် ကီလိုဂရမ် ၃၅၀ (၇၇၂ ပေါင်) သယ်ဆောင်နိုင်ပြီး ၂၄ နာရီ တစ်ဆက်တစ်စပ်တည်း ပျံသန်းနိုင်ပါတယ်။

 

အဲဒီမောင်းသူမဲ့လေယာဉ်ဟာ ဒီဇိုင်းရေးဆွဲထုတ်လုပ်နေဆဲအဆင့်မှာပဲ ရှိသေးပြီး အပြီးသတ်စမ်းသပ်ပျံသန်းမှု တွေကို ၂၀၂၄ ခုနှစ်မကုန်ခင်လောက်မှာ ပြုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌ မိုင်းလ်စ်ချမ်းဘားစ်က ပြောပါတယ်။

 

ဒါ့အပြင် EDGE ကုမ္ပဏီအုပ်စုဟာ HT-100 ဘက်စုံသုံး မောင်းသူမဲ့ရဟတ်ယာဉ်နဲ့ FLARIS LAR 01 ဂျက် အင်ဂျင်ကိုအခြေခံထုတ်ုလပ်ထားတဲ့ Sinyar မောင်းသူမဲ့လေယာဉ်တို့ကိုလည်း ထုတ်ဖော်ပြသသွားပါတယ်။

 

“HT-100 ဘက်စုံသုံး မောင်းသူမဲ့ရဟတ်ယာဉ်ကတော့ တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ Sinyar မောင်းသူ မဲ့လေယာဉ်ကတော့ လာမယ့်နှစ်နှစ်အတွင်းလောက်မှာ ဈေးကွက်ထဲကို ရောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါ တယ်။” လို့ ချမ်းဘားစ်က Breaking Defense မီဒီယာကို ပြောပါတယ်။

 

EDGE ကုမ္ပဏီအုပ်စုဟာ ပေါင်းစပ်ညှိနှိုင်းထားတဲ့တိုက်ခိုက်မှုတွေကို ပူးပေါင်းဆောင်ရွက်ရာမှာ အတူပါဝင် တာဝန်ထမ်းဆောင်နိုင်တဲ့ Hunter အမည်ရှိ နည်းဗျူဟာမြောက်ဒရုန်းအသစ်တွေကိုလည်း ထုတ်ဖော်ပြသခဲ့ ပါတယ်။

 

ပြပွဲမှာပြသထားတဲ့ မောင်းသူမဲ့လေယာဉ်တွေမှာ စစ်မြေပြင်သတင်းတွေကို အဆင်ပြေချောမွေ့စွာ ဖလှယ်နိုင် ရေးအတွက် ဉာဏ်ရည်တုနည်းပညာကို တပ်ဆင်ထားပါတယ်။

 

EDGE ကုမ္ပဏီအုပ်စုဟာ အသံထက် ဝ.၈ ဆ မြန်တဲ့ NASEF-20 ခရုစ်ဒုံးကျည်တွေ၊ NASEF-125 ခရုစ်ဒုံးကျည် တွေ၊ MANSUP-ER သင်္ဘောဖျက်ဒုံးကျည်တွေနဲ့ RASH-3H ပဲ့ထိန်းဒုံးကျည်တွေကိုလည်း ခင်းကျင်းပြသခဲ့ပါ တယ်။

 

ဒါ့ပြင် တခြားပဲ့ထိန်းဒုံးကျည်အမျိုးမျိုးနဲ့ ရေဒီယိုလှိုင်းဖြတ်တောက်ဖျက်ဆီးရေးကိရိယာ (jamming devices) မျိုးစုံကိုလည်း ခင်းကျင်းပြသထားပါတယ်။

 

“မောင်းသူမဲ့လေယာဉ်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေထုတ်လုပ်ရေးနဲ့ အီလက်ထရောနစ်စစ်ဆင်ရေးစွမ်းရည်မြှင်တင် ရေးနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့ အမြဲ တမ်းစဉ်းစားနေပါတယ်။ ဒီကိစ္စတွေက အလွန်ကျယ်ပြန့်တဲ့ နယ်ပယ်တွေဖြစ်ပါတယ်။” လို့ ကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌ မိုင်းလ်စ်ချမ်းဘားစ်က ပြောပါတယ်။

 

Ref: EDGE Group Unveils 11 New Drones, Missiles at Dubai Airshow 2023

 

#PeopleMedia


Share this post