• Follow Us on
Latest News

Home ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၆.၂ သန်းရှိကြောင်း လဝက ထုတ်ပြန်

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၆.၂ သန်းရှိကြောင်း လဝက ထုတ်ပြန်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ၌ ခန်းမှန်းခြေ လူဦးရေ အမျိုးသား ၂၆.၈ သန်း၊ အမျိုးသမီး ၂၉.၄ သန်း စုစုပေါင်း လူဦးရေ ၅၆.၂ သန်းရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်ထားရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၏ နှစ်လယ်ဖြစ်သော ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂သန်းဖြစ်ပြီး၊ အဆိုပါ နေ့ရက်တွင်ရှိသည့် တိုင်း ဒေသကြီးပြည်နယ်အလိုက်ခန့်မှန်းလူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါ ခန့်မှန်းလူဦးရေစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသား ၄.၂ သန်း၊ အမျိုးသမီး ၄.၈ သန်း နှင့် စုစုပေါင်းလူဦးရေ ၉.၀ သန်း အများဆုံးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသား ၃.၂ သန်း၊ အမျိုး သမီး ၃.၆ သန်း စုစုပေါင်း ၆.၈သန်း၊၊ ရှမ်းပြည်နယ်တွင် အမျိုးသား ၃.၄ သန်း၊ အမျိုးသမီး ၃.၄ သန်း စုစုပေါင်း ၆.၈သန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသား ၃.၀ သန်း၊ အမျိုးသမီး ၃.၂ သန်း စုစုပေါင်းလူဦးရေ ၆.၂ သန်းရှိကြောင်း သိရသည်။

 

ကချင်ပြည်နယ်တွင် အမျိုးသား ၁.၀ သန်း၊ အမျိုးသမီး ၁.၀ သန်း စုစုပေါင်းလူဦးရေ ၂.၀ သန်း၊ ကယား ပြည်နယ်တွင် အမျိုးသား ဝ.၂ သန်း၊ အမျိုးသမီး ဝ.၂ သန်း စုစုပေါင်းလူဦးရေ ဝ.၄ သန်း၊ ကရင်ပြည်နယ်တွင် အမျိုးသား ဝ.၈ သန်း၊ အမျိုးသမီး ဝ.၈ သန်း စုစုပေါင်းလူဦးရေ ၁.၆ သန်း၊ ချင်းပြည်နယ်တွင် အမျိုးသား ဝ.၂  သန်း၊ အမျိုးသမီး ဝ.၃ သန်း စုစုပေါင်းလူဦးရေ ဝ.၅ သန်းရှိကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေကြီးတွင် အမျိုးသား ၂.၇  သန်း၊ အမျိုးသမီး ၃.၀ သန်း စုစုပေါင်းလူဦးရေ ၅.၇ သန်း၊ တနင်္သာရီ တိုင်းဒေသကြီးတွင် အမျိုးသား ဝ.၈ သန်း၊ အမျိုးသမီး ဝ.၈ သန်း စုစုပေါင်းလူဦးရေ ၁.၆ သန်း၊ ပဲခူးတိုင်းဒေသ ကြီးတွင် အမျိုးသား ၂.၃  သန်း၊ အမျိုးသမီး ၂.၇  သန်း စုစုပေါင်းလူဦးရေ ၅.၀ သန်း၊ မကွေးတိုင်းဒေသကြီး တွင် အမျိုးသား ၁.၈ သန်း၊ အမျိုးသမီး ၂.၁ သန်း စုစုပေါင်းလူဦးရေ ၃.၉  သန်း၊ မွန်ပြည်နယ်တွင် အမျိုးသား ဝ.၉ သန်း၊ အမျိုးသမီး ၁.၀  သန်း စုစုပေါင်းလူဦးရေ ၁.၉ သန်း၊ ရခိုင်ပြည်နယ်တွင် အမျိုးသား ၁.၆ သန်း၊ အမျိုးသမီး ၁.၈ သန်း စုစုပေါင်းလူဦးရေ ၃.၄ သန်း နှင့် နေပြည်တော်ကောင်စီတွင် အမျိုးသား ဝ.၇ သန်း၊ အမျိုးသမီး ဝ.၇ သန်း စုစုပေါင်းလူဦးရေ ၁.၄  သန်း ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ထုတ်ပြန်လိုက်သည်။

 

#PeopleMedia


Share this post