• Follow Us on
Latest News

Home ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆို ရာခိုင်နှုန်းမှာ (၈၇ ဒသမ ၉၀) ရာခိုင်နှုန်းခန့်ရှိ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆို ရာခိုင်နှုန်းမှာ (၈၇ ဒသမ ၉၀) ရာခိုင်နှုန်းခန့်ရှိ

Share this post

နေပြည်တော်၊ မတ် ၁၂

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ရက်နေ့တွင် စတင်ကျင်းပရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင် ရောက်ဖြေဆိုလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန ၄၇ ခု၌ စာရင်းရှိ ကျောင်းသား ၃၇၅၀ ဦး၊ ကျောင်းသူ ၄၉၂၆ ဦး၊ စုစုပေါင်း ၈၆၇၆ ဦးတွင် ဖြေဆိုသူ ကျောင်းသား ၃၆၁၅ ဦး၊ ကျောင်းသူ ၄၈၁၃ ဦး၊ စုစုပေါင်း ၈၄၂၈ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း တက္က သိုလ်ဝင်စာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့၌ ဖြေဆိုသူစာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း(၁၁၄)ခရိုင်၊ မြို့နယ်ပေါင်း(၂၈၅)မြို့နယ်၊ စာစစ်ဌာနပေါင်း (၇၉၄)ဌာနတို့တွင် စာရင်းရှိဦးရေမှာ(၁၄၆၅၂၃)ဦးရှိပြီး လာရောက်ဖြေဆိုသူ ဦးရေမှာ(၁၂၈၈၀၁)ဦး ရှိသည်။

 

နေပြည်တော်ကောင်စီနယ်မြေအပါအဝင်  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ယမန်နေ့တွင် ကျောင်းသား၊ ကျောင်းသူ ဖြေဆိုရာခိုင်နှုန်းမှာ (၈၇ ဒသမ ၉၀ ) ရာခိုင်နှုန်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေး အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ရက်နေ့တွင် မြန်မာစာဘာသာရပ်ကို စတင် ဖြေဆိုပြီး မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ရက်တွင် သင်္ချာဘာသာရပ်၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၅ ရက်တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၆ ရက်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်၍ မတ် ၁၇ ရက် အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။

 

ဆက်လက်ပြီး မတ် ၁၈ ရက် တနင်္လာနေ့တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ် ၁၉ ရက် အင်္ဂါနေ့တွင် စိတ်ကြိုက် မြန်မာစာစသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post