၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကိုအစောဆုံးကာလတွင် ပြန် လည်ကျင်းပနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောဆို
PUBLISHED - September 11, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၁
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစောဆုံးကာလတွင် ပြန် လည် ကျင်းပနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား လားရှိုးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံစဉ် ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိ ပြီး နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်း ချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ် တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့အခမ်းအနားကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပါယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှု ရရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မရ ရအောင် ဖော်ဆောင်ပေးခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် အနိုင်ရပါတီများ အစိုးရဖွဲ့နိုင်ရေး တပ်မတော်အနေဖြင့် လက်တွဲညီညီ အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် နိုင်ငံရေးအရအသုံးချ၍ မရိုးမသားဆောင်ရွက်မှုများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တို့တွင် အသုံးချခြင်းများ လုပ် ဆောင်လာခဲ့သည်ကိုတွေ့ခဲ့ရကြောင်း၊ အုပ်ချုပ်ရေးပိုင်း၊ စီးပွားရေးပိုင်းတို့တွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ပြီး ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင်လည်း မြန်မာ့ထုံးတမ်းစဉ်လာနှင့် မကိုက်ညီသည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကာ စည်းလုံး ညီညွတ်မှုများ ပျက်ပြားခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်မှုများအရ ထောက်ခံမှုများ ကျဆင်းလာခဲ့ရာ ရွေးကောက်ပွဲတွင် မရိုးမသားသည့် နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသဖြင့် တပ်မတော်မှ နိုင်ငံတော်၏ တာဝန်များကို ဥပဒေနှင့် အညီ ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်း ကြောင်း ခိုင်မာရေးကိုသာ အဓိကဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိ စေရေး မဲစာရင်းအခြေခံအချက်အလက်များ မှန်မှန်ကန်ကန်ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစောဆုံးကာလတွင် ပြန်လည် ကျင်းပနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီလမ်းကြောင်း ပေါ်၌လျှောက်လှမ်းရာတွင် တည်ငြိမ် အေးချမ်းမှုရှိရန် အဓိကလိုအပ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရှိရေးကို မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူး ပေါင်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောဆိုခဲ့သည်။
#PeopleMedia