၂၀၂၄ ခုနှစ်မေလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း သိမ်းဆည်းရမိမှု တန်ဖိုးကျပ် ၄၂၈၀ ဒသမ ၅၄၄ သန်း၏ ၂၀ ရာခိုင်နှုန်းအား ဆုကြေးငွေအဖြစ်ချီးမြှင့်မည်
PUBLISHED - June 6, 2024
နေပြည်တော်၊ ဇွန် ၆
၂၀၂၄ ခုနှစ် မေလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း သိမ်းဆည်းရမိမှု တန်ဖိုးငွေကျပ် ၄၂၈၀ ဒသမ ၅၄၄ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၈၅၆ ဒသမ ၁၀၉ သန်းကို သတင်း ပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော် မတီမှ သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ် မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း နယ်စပ်ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေး ရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်း များကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိကြောင်း သိရသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် မေလအတွင်း သတင်းရရှိမှု ၇၉ ကြိမ် ရရှိခဲ့ပြီး သတင်းမှား ခုနစ်ကြိမ်၊ နောက်ကျသတင်းတစ်ကြိမ်နှင့် သိမ်းဆည်းရမိမှု ၇၁ ကြိမ် ဖြစ်ပါသည်။ သိမ်း ဆည်းရမိမှု အမှုတွဲ ၁၀၇ မှု ဖွင့်လှစ်ထားပြီး သိမ်းဆည်း ရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း ၆၆ မျိုးအပါအဝင် ခန့်မှန်းတန်ဖိုး ကျပ် ၄၂၈၀ ဒသမ ၅၄၄ သန်းနှင့် တရားမဝင် ကုန်စည်များ တင်ဆောင်လာသည့် ယာဉ်များ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မေလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း သိမ်းဆည်းရမိမှု တန်ဖိုးငွေကျပ် ၄၂၈၀ ဒသမ ၅၄၄ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၈၅၆ ဒသမ ၁၀၉ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သတင်းပေးဆုကြေး အဖြစ် ငွေကျပ် ၁၁၆၈ ဒသမ ၄၈၈ သန်း အား ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မေလအထိ သတင်းပေးဆုကြေးအဖြစ် ငွေကျပ် ၃၈၀ ဒသမ ၉၆၈ သန်းကိုလည်း ဌာနဆိုင်ရာတာဝန်ရှိသူ များက မြန်မြန်ဆန်ဆန်ချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#PeopleMedia