• Follow Us on

Home ၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ အင်တာနက်သုံးစွဲသူ မိသားစုပေါင်း ၂၁.၇ သန်းရှိ

၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ အင်တာနက်သုံးစွဲသူ မိသားစုပေါင်း ၂၁.၇ သန်းရှိ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၉

 

ထိုင်းနိုင်ငံမှာ ၂၀၂၃ ခုနှစ်မှာ အင်တာနက်အသုံးပြုတဲ့အိမ်ထောင်စုပေါင်း ၂၁ သန်းရှိခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်မှာ အင် တာနက်အသုံးပြုခွင့်ရတဲ့အိမ်ထောင်စုပေါင်း ၂၁.၇ သန်းဝန်းကျင်ရှိကြောင်း ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအဖွဲ့အ စည်းဝန်ကြီးဌာန Digital Economy and Society (DES) Ministry က ပြောပါတယ်။

 

ပြီးခဲ့တဲ့တဲ့နှစ်က လူဦးရေ ၄၉.၂ သန်း အင်တာနက်သုံးစွဲခွင့်ရခဲ့ပြီး အခုနှစ်မှာတော့ လူဦးရေ အသက် ၁၆ နှစ်က နေ ၇၄ နှစ်အတွင်း လူဦးရေ ၅၀.၁ သန်း အင်တာနက်အသုံးပြုခွင့်ရခဲ့ကြောင်း DES ဝန်ကြီးဌာနက တနင်္လာနေ့ (အောက်တိုဘာ ၂၈ ရက်နေ့) က ထုတ်ပြန်ခဲ့တဲ့ “Thailand Digital Outlook” အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။

 

အင်တာနက်သုံးစွဲသူ ဝင်ငွေနည်းမိသားစုဦးရေဟာ ၁၁.၂၃ သန်းကနေ ၁၂.၁၂ သန်းအထိ မြင့်တက်လာခဲ့ ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာပြုစုရာမှာ ပြန်လည်ဖြေကြားသူ ၅၁,၁၈၇ ဦးကို မေးမြန်းခဲ့သလို အဖွဲ့အစည်းပေါင်း ၃၅ ခုက သတင်းအချက်အလက်တွေကိုလည်း ရယူခဲ့တယ်လို့ဆိုပါတယ်။

 

တပြိုင်တည်းမှာပဲ ကျွမ်းကျင်ပညာရှင်ဦးရေ အထူးသဖြင့် ပရိုဂရမ်ရေးဆွဲသူနဲ့ ICT နည်းပညာရှင်ဦးရေဟာ ၂၆၃,၀၀၀ ဦးကနေ ၂၇၈,၀၀၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း DES ဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်း ဝန်ဝီတန်ဖူအောင်ဆတ် (Wetang Phuangsup) က ပြောပါတယ်။

 

ဒါ့အပြင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာပညာရပ်နဲ့ သင်္ချာနယ်ပယ်တို့မှာလည်း ဘွဲ့ရဦးရေ ၂၃.၆၉% ကနေ ၃၃.၂၆% အထိ မြင့်တက်လာခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

အရင်နှစ်တွေက အင်တာနက်သုံးစွဲသူတွေဟာတစ်ရက်ကို ၇ နာရီ ၂၅ မိနစ်သုံးစွဲခဲ့ပေမဲ့ လက်ရှိအချိန်မှာ တစ် ရက်ကို ၉ နာရီ မိနစ် ၂၀ သုံးစွဲချက်ရှိတာကို စာရင်းအချက်အလက်တွေအရ သိရကြောင်း ၎င်းက ပြောပါတယ်။

အသုံးပြုသူ ၇၇% ဟာ အင်တာနက်မရှိဘဲ အလုပ်မလုပ်နိုင်ဘူးလို့ ဆန်းစစ်လေ့လာမှုမှာ ဖော်ထုတ်နိုင်ခဲ့ပါ တယ်။

 

Online shopping ဟာလည်း ပိုမိုခေတ်စားလာတဲ့အတွက် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက် အွန်လိုင်း ကတစ်ဆင့် ဈေးဝယ်ယူလေ့ရှိတယ်လို့ ဖြေဆိုသူအများစုက ဖြေကြားခဲ့ကြောင်း ဒုတိယအမြဲတမ်းအတွင်းဝန် ဝီ တန်ဖူအောင်ဆတ်က ပြောပါတယ်။

 

တစ်ကြိမ်သုံးစွဲတဲ့ အင်တာနက်ဈေးနှုန်းကလည်း ၃၇၅ ဘတ်ကနေ ၄၂၈ ဘတ်အထိ မြင့်တက်လာခဲ့ပြီး အွန် လိုင်းထုတ်ကုန်တွေထဲမှာ အဝတ်အထည်၊ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ စာအုပ်တွေဟာ ထိပ်ဆုံးက လူ ကြိုက်များတဲ့ ပစ္စည်းသုံးမျိုးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းလူမျိုးတွေအများဆုံးဝယ်ယူနေတဲ့ Online shopping တွေကတော့ Shopee နဲ့ Lazada ဖြစ်ပါတယ်။

 

Shopee နဲ့ Lazada အွန်လိုင်းဈေးကွက်ကို ထိုင်းလူမျိုး ၉၅.၉၈% အသုံးပြုနေပြီး အဲဒီနောက်မှာမှ လူဦးရေ ၄၇.၁၈% အသုံးပြုနေတာကတော့ TikTok, ၊ Line နဲ့ Facebook စတဲ့ လူမှုကွန်ရက်တွေဖြစ်ကြောင်း သိရပါ တယ်။

 

Ref: Internet access in Thailand surges to 21.7 million households in 2024

 

#PeopleMedia


Share this post