၂၀၂၄ ခုနှစ်မှာ ဒရုန်းအစင်းရေ တစ်သန်း ထုတ်လုပ်မယ်လို့ ဇီလန်စကီးပြော
PUBLISHED - December 21, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁
ယူကရိန်းနိုင်ငံဟာ လာမယ့်နှစ် (၂၀၂၄ ခုနှစ်) မှာ ဒရုန်းအစင်းရေ ၁ သန်း ထုတ်လုပ်သွားမှာဖြစ်ပြီး အဲဒီဒရုန်း တွေဟာ ယူကရိန်း-ရုရှား စစ်ပွဲမှာ အလွန်အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်လာပြီဖြစ်ကြောင်း ယူကရိန်း သမ္မတဗလာဒီမာဇီလန်စကီးက အင်္ဂါနေ့ (ဒီဇင်ဘာလ ၁၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့ လာမယ့်နှစ်မှာ ဒရုန်းအစင်းရေ တစ်သန်းထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံဟာ ဒီလို ခေတ်မီစစ်လက်နက်ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ စစ်သည်တွေဟာ ယူကရိန်း ထုတ်ဒရုန်းတွေကို ၎င်းတို့တပ်တွေမှာ ကိုင်တွယ်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။” လို့ ဇီလန်စကီးက ပြောပါ တယ်။
ယူကရိန်းတပ်တွေရော ရုရှားတပ်တွေပါ ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီး အဲဒီဒရုန်းတွေကို ရန်သူ့စခန်းရှာဖွေရာရမှာဖြစ်စေ ဒရော့ဗုံးချတဲ့အခါဖြစ်စေ အသေခံဒရုန်းနဲ့ဝင်ရောက်တိုက်ခိုက်တဲ့အခါဖြစ်စေ အသုံးပြုကြပါတယ်။
ဒရုန်းတွေကို တိုက်ခိုက်ရေးတာဝန်တွေရော ထောက်လှမ်းရေးတာဝန်တွေပါ ထမ်းဆောင်ဖို့ အသုံးပြုနိုင်ပါ တယ်။
ဒရုန်းစစ်ဆင်ရေး အသုံးတွင်ကျယ် ပျံ့နှံ့လာမှုဟာ ရုရှားနဲ့ ယူကရိန်းကြားမှာ လက်နက်ပြိုင်ပွဲတစ်ခုလိုဖြစ်လာ ပါတယ်။
ယူကရိန်းစစ်တပ်ဟာ ရုရှားတပ်စခန်းတွေကို ပိုမိုထောက်လှမ်းနိုင်အောင်နဲ့ ရန်သူ့တိုက်ခိုက်မှုကနေ ပိုမိုကာ ကွယ်နိုင်အောင် အထူးထောက်လှမ်းရေးလုပ်ငန်းတွေအတွက် ဒရုန်းတွေကို အသုံးပြုဖို့ စီစဉ်နေပါတယ်။
ကျူးကျော်လာတဲ့ ရုရှားတပ်တွေကို ကာကွယ်ဖို့ ယူကရိန်းတပ်မတော်အတွက် တစ်လကို ဒရုန်းအစင်းရေ ၁၀၀,၀၀၀ ကနေ ၁၂၀,၀၀၀ အထိ လိုအပ်ကြောင်း ယူကရိန်းအရာရှိတွေက AFP သတင်းဌာနကိုပြောပါတယ်။
Ref: Ukraine Will Produce ‘One Million Drones’ in 2024: Zelensky
#PeopleMedia