၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲမှာ တရုတ်ကုမ္ပဏီတွေအများဆုံးဖြစ်

PUBLISHED - January 23, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃
ထိုင်းနိုင်ငံထဲမှာ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲမှာ တရုတ်နိုင်ငံကကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အများဆုံးဖြစ်ကြောင်း ထိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ပြောကြားလိုက်ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘတ်ငွေ ၉၈၁.၆၅ ဘီလျံရှိတဲ့အနက် တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၄၂% ရှိတယ်လို့ ဆိုပါတယ်။
အိမ်ခြံမြေလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စားသောက်ဆိုင်လုပ်ငန်းတွေနဲ့ တခြားလုပ်ငန်းမျိုးစုံတွေမှာ တရုတ် ကုမ္ပဏီပေါင်း ၃၀,၀၇၅ ခုဟာဘတ်ငွေ ၄၁၅.၅၈ ဘီလျံ လာရောက်ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ဆောင်ရွက်နေပါတယ်။
ဒါပေမဲ့ မှတ်ပုံတင်ထားတဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေထဲက ရှယ်ယာ ၅၀% ကျော်ပိုင်ဆိုင်ထားတဲ့ တရုတ်ကုမ္ပဏီတွေ က တော့ အနည်းငယ်ပဲရှိတယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာ စားသောက်ဆိုင်လုပ်ငန်း ၆၂.၈၄% နဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ လက်ကားရောင်းချ မှု ၅၄.၆၀% တို့ ပါဝင်တယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံထဲမှာ တရုတ်လူမျိုးတွေလာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ထိပ်တန်းလုပ်ငန်း ၁၀ ခုကတော့ ၁) အိမ်ခြံမြေလုပ်ငန်း ဘတ်ငွေ ၂၅.၀၁ ဘီလျံ၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၃၁.၄၂% ၊ ၂) ဆောက်လုပ်ရေးလုပ်ငန်း ဘတ်ငွေ ၆.၅၃ ဘီလျံ၊ ၃၉.၂၉%၊ ၃) စက်ပစ္စည်းလက်ကားရောင်းဝယ်ရေး ဘတ်ငွေ ၃.၀၁ ဘီလျံ၊ ၄၆.၃၂% ၊ ၄) စားသောက်ဆိုင်လုပ်ငန်း ဘတ် ငွေ ၃ ဘီလျံ၊ ၆၂.၈၄% ၊ ၅) အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဘတ်ငွေ ၂.၆၈ ဘီလျံ၊ ၄၆.၁၇ %၊ ၆) ဟင်းသီးဟင်း ရွက်နဲ့ သစ်သီးဝလံ လက်ကားရောင်းဝယ်ရေး ဘတ်ငွေ ၂.၄၉ ဘီလျံ၊ ၅၄.၆၀% ၊ ၇) ထုတ်ကုန်လက်ကားရောင်းဝယ် ရေး ဘတ်ငွေ ၁.၂၃ ဘီလျံ၊ ၄၇.၅၈% ၊ ၈) ခရီးသွားလုပ်ငန်း ဘတ်ငွေ ၁.၁၁ ဘီလျံ၊ ၃၇.၈၃%၊ ၉) ကန်ထရိုက်စာချုပ် အရ ထုတ်ကုန်လက်ကားရောင်းဝယ်ရေး ဘတ်ငွေ ၁.၀၃ ဘီလျံ၊ ၄၇.၂၅%၊ ၁၀) အွန်လိုင်းရောင်းဝယ်ရေး ဘတ်ငွေ ၆၅၅.၈၆ သန်း၊ ၂၈.၈၇% တို့ဖြစ်ပါတယ်။
Ref: Chinese firms the biggest investors in Thailand during 2024
#PeopleMedia