• Follow Us on

Home ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်-မော်လမြိုင်သွားပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းတံတားများအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲမှု ၆ ကြိမ်ပြုလုပ်ခဲ့

၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်-မော်လမြိုင်သွားပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းတံတားများအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲမှု ၆ ကြိမ်ပြုလုပ်ခဲ့

Share this post

နေပြည်တော်၊ ဩဂုတ် ၃

 

အကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲမှု ၆ ကြိမ် ပြုလုပ်ခဲ့သည်။

 

အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကိုထိခိုက်စေရန်၊ အထိတ် တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်နှင့် ဒေသအတွင်း တည်ငြိမ်မှုပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးနှင့် မသက်ဆိုင်သော အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။

 

ယမန်နေ့နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် အများပြည်သူအားထားအသုံးပြုလျက်ရှိသည့် မွန်ပြည်နယ်၊ သထုံမြို့ နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၃၄/၄ နှင့် ၁၃၄/၅ ကြား၊ အရှည် ၁၀ ပေ၊ အကျယ် ၄၀ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ် အမျိုးအစားတံတားအမှတ်(၃/၁၃၆)အား KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တံတားမှာ ၁၀၀ ရာခိုင်နှုန်း ပြိုကျပျက်စီးသွားခဲ့ပြီး ယာဉ်ကြီး/ ယာဉ်ငယ်များ ဖြတ်သန်းသွား လာမှု ရပ်တန့်ခဲ့ရ၍ တာဝန်ရှိသူများက အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ယာယီတံတားကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ရာ ယင်းနေ့ နံနက် ၉ နာရီချိန်မှစ၍ ယာဉ်များ အားလုံးပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ခဲ့သည်။

 

အကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲမှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လမ်းတံတားများအား လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခြင်းမရှိစေရေး တာဝန်ရှိ သူများက ပြန်လည်ပြင်ဆင်ပေးခဲ့ရသည်။

 

#PeopleMedia


Share this post