• Follow Us on
Latest News

Home ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ စတင် ထုတ်ယူ နိုင်ပြီ

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ စတင် ထုတ်ယူ နိုင်ပြီ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

 

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ (၂၇) ရက်မှ စတင်ကာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးကြေညာထားသည်။

 

စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ယူရာတွင် ထုတ်ယူရာတွင် အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)နှင့် (တွဲဖက်) အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်း သား/ကျောင်းသူများသည် မိမိတို့၏ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူရမည်ဖြစ်ပြီး ပြင်ပမှ ဖြေဆိုသူများ အနေဖြင့် မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။

 

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာ၌ အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံသို့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ (၁၁) ရက်မှ မတ်လ (၁၉) ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post