၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်း အနားကို နစကဥက္ကဋ္ဌတက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်
PUBLISHED - May 17, 2024
နေပြည်တော်၊ မေ ၁၇
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး မြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင်း နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဦးစွာ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဆိုပါအသင်း များသည် ဗိုလ်လုပွဲသို့တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန် tလှန်ဖိအားပေး ယှဉ်ပြိုင်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး ဘော်လီဘောပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲပွဲစဉ်အဖြစ် ကရင်ပြည်နယ် အသင်းနှင့် ရှမ်းပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဆိုပါအသင်းများသည် ဗိုလ်လုပွဲသို့တက်ရောက်လာကြသည့် အသင်းများ ဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖိအားပေး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ရှမ်းပြည် နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲ ၁ ပွဲဖြင့်အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဘော်လီဘော(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေး တိုင်းဒေသကြီး အသင်းနှင့် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား ကောင်စီတွဲဖက် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ် အသင်းနှင့် ဘော်လီဘော(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့်မန္တလေးတိုင်းဒေသကြီး အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလား တို့ကိုပေးအပ်ချီးမြှင့်ပြီး အား ကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
၂၀၂၄ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးဘော်လီဘောပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လာရောက် ယှဉ်ပြိုင်ကြသည့် ဘော်လီဘောအားကစားသမားများ ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရန်၊ နိုင်ငံ့လက်ရွေးစင် မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဘော်လီဘောအားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ မေ ၇ ရက်မှ ၁၆ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C)ရုံ ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီး အသင်း ၁၂ သင်းတို့ပါဝင် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
#PeopleMedia