• Follow Us on
Latest News

Home ၂၀၂၄ ခုနှစ် ကမ္ဘာ့ယှဉ်ပြိုင်နိုင်မှုစွမ်းရည်အဆင့်သတ်မှတ်ချက်မှာ ထိုင်းနိုင်ငံက အဆင့် ၂၅ ရရှိ

၂၀၂၄ ခုနှစ် ကမ္ဘာ့ယှဉ်ပြိုင်နိုင်မှုစွမ်းရည်အဆင့်သတ်မှတ်ချက်မှာ ထိုင်းနိုင်ငံက အဆင့် ၂၅ ရရှိ

Share this post

နိုင်ငံတကာ၊ ဇွန် ၁၉

 

ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ် ကမ္ဘာ့ယှဉ်ပြိုင်နိုင်မှုစွမ်းရည်အဆင့်သတ်မှတ်ချက်မှာ ပြီးခဲ့တဲ့နှစ်က အဆင့်ထက် ၅ နေရာမြင့်တက်လာပြီး အဆင့် ၂၅ ကို ရရှိခဲ့ကြောင်း ဆွစ်ဇာလန်အခြစိုက် နိုင်ငံတကာစီမံခန့်ခွဲရေးဖွံ့ဖြိုးတိုးတက် မှုအင်စတီကျုက အင်္ဂါနေ့ (ဇွန်လ ၁၈ ရက်နေ့) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ကမ္ဘာပေါ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံပေါင်း ၆၇ နိုင်ငံကို ဆန်းစစ်လေ့လာခဲ့ရာမှာ ထိုင်းနိုင်ငံဟာ ကမ္ဘာ့အဆင့် ၂၅ ကို ရရှိခဲ့ပြီး အာဆီယံဒေသတွင်းမှာ စင်္ကာပူနောက်ကနေ အဆင့် ၂ ကို ရရှိခဲ့ပါတယ်။

 

စင်္ကာပူနိုင်ငံဟာ အခုနှစ် ကမ္ဘာ့အဆင့်မှာလည်း နံပတ် ၁ နဲ့ ထိပ်ဆုံးက ရပ်တည်နေပြီး စင်္ကာနောက်မှာ ဆွစ်ဇာ လန်၊ ဒိန်းမိတ်၊ အိုင်ယာန်နဲ့ ဟောင်ကောင်တို့က အသီးသီးနေရာယူထားပါတယ်။

 

ဆန်းစစ်မှုထဲမှာပါဝင်တဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားက အဆင့် ၂၇၊ မလေးရှားက အဆင့် ၃၄ နဲ့ ဖိလစ်ပိုင်က အဆင့် ၅၂ ဖြစ်ပါတယ်။

 

စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို အကဲဖြတ်ဖို့အတွက် အသုံးပြုခဲ့တဲ့ ခေါင်းစဉ်လေးခုကြား မှာ အကြီးမားဆုံးတိုးတက်မှုဆိုတာကို ထိုင်းနိုင်ငံရဲ့ စီးပွားရေးဆောင်ရွက်ချက်တွေက ထုတ်ဖော်ပြသလိုက်တာ ဖြစ်ကြောင်း အမျိုးသားစီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) က ကမ္ဘာ့ယှဉ်ပြိုင်နိုင်မှု စွမ်းရည် အဆင့်သတ်မှတ်ချက်အကြောင်း အင်္ဂါနေ့က အစိုးရအဖွဲ့ထံတင်ပြရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

 

ထိုင်းနိုင်ငံရဲ့ စီးပွားရေးဆောင်ရွက်မှုဟာ အပြုသဘောဆောင်တဲ့လက်ရှိဝင်ငွေ/ထွက်ငွေ မှတ်တမ်း (ဝယ်လို အားထက် ရောင်းလိုအားများနေခြင်း) ဆီကို ရောက်ရှိသွားတဲ့ ဘဏ္ဍာရေးမူဝါဒတွေကြောင့် အဆင့် ၅ ဆင့်မြင့် တက်လာခဲ့ခြင်းဖြစ်ကြောင်း NESDC ရဲ့ အထွေထွေအတွင်းရေးမှူး ဒါနူချာဖိချာယာနန်က ပြောပါတယ်။

 

ထိုင်းနိုင်ငံရဲ့ စီးပွားရေးအရည်အသွေးဟာလည်း ၃ ဆင့်ကျော်တက်ခဲ့ပြီး အဆင့် ၂၀ ကိုရောက်ရှိခဲ့ကြောင်း ၎င်း က ပြောပါတယ်။ အစိုးရအရည်အသွေးနဲ့ အခြေခံအဆောက်အအုံကဏ္ဍမှာတော့ ပြီးခဲ့တဲ့နှစ်ကအတိုင်း အဆင့် ၂၄ နဲ့ ၄၃ မှာပဲ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

 

Ref: Thailand ranks 25th in World Competitiveness Ranking 2024

 

#PeopleMedia


Share this post