• Follow Us on
Latest News

Home ၂၀၂၄ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်ကို ၇၀% နီးပါး တိုးမြှင့်သုံးစွဲသွားမှာဖြစ်ကြောင်း ရုရှားကြေညာ

၂၀၂၄ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်ကို ၇၀% နီးပါး တိုးမြှင့်သုံးစွဲသွားမှာဖြစ်ကြောင်း ရုရှားကြေညာ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၉

 

ရုရှားအစိုးရဟာ ယူကရိန်းစစ်ပွဲမှာ အရင်းအမြစ်တွေ ပုံအောသုံးစွဲနေတဲ့အချိန်မှာ ၂၀၂၄ ခုနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်ကို ၇၀ ရာခိုင်နှုန်းနီးပါး တိုးမြှင့်သုံးစွဲသွားမှာဖြစ်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပ တေးနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာခဲ့ပြီး ရူဘယ်ငွေ ပိုမိုအားနည်းလာပေမဲ့ ရုရှားအစိုးရဟာ စစ်လက်နက်ပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ခဲ့သလို စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍမှာ ငွေကြေးပုံအောသုံးစွဲခဲ့ပါတယ်။

 

ကာကွယ်ရေးအသုံးစရိတ်ကို ၆၈ ရာခိုင်နှုန်းကျော် မြှင့်တင်သွားမှာဖြစ်တဲ့အတွက် အဲဒီပမာဏဟာ ရူဘယ်ငွေ ၁၀.၈ ထရီလီယန် (ဒေါ်လာ ၁၁၁.၁၅ ဘီလျံ) ဖြစ်ပြီး GDP ရဲ့ ၆ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း ထုတ်ပြန်ချက် ထဲမှာဖော်ပြထားပါတယ်။

 

သတ်မှတ်လိုက်တဲ့ကာကွယ်ရေးအသုံးစရိတ်ဟာ ၂၀၂၄ ခုနှစ်အတွက်သတ်မှတ်ထားတဲ့ ပညာရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် အသုံးစရိတ်တွေထက် သုံး ဆဝန်းကျင်ရှိကြောင်း AFP သတင်းဌာနက တွက်ချက်ပြထားပါတယ်။

 

“စီးပွားရေးမူဝါဒရဲ့ အဓိကစိတ်ဝင်စားစရာကောင်းတဲ့အချက်က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်တဲ့ လမ်း/ တံတားဆောက်လုပ်ရေးလုပ်ငန်းတွေကနေ အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးရည်မှန်းချက်တွေဆီကို ပြောင်းရွှေ့ သွားဖို့ပဲဖြစ်ပါတယ်။” လို့ ထုတ်ပြန်ချက်ထဲမှာ ဘဏ္ဍာရေးဝန်ကြီးက ထည့်သွင်းဖော်ပြထားပါတယ်။

 

အဲဒီအစီအစဉ်ထဲမှာ “နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ ပြီးခဲ့တဲ့နှစ်က ရုရှားအစိုးရကသိမ်းပိုက်ခဲ့တဲ့ ယူကရိန်းနိုင်ငံက လူးဂန့်စ်၊ ဒွန်းညက်၊ ခါဆွန်နဲ့ ဇာပိုရီဇီးယားဒေသတို့ကို ပေါင်းစပ်ရေး” ပဲဖြစ်ကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ငွေကြေးဖောင်းပွမှုဟာ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ လေးရာခိုင်နှုန်းထက်ပိုမိုမြင့်မားနေတဲ့အတွက် ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်ကာလမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွားဖွယ်ရာရှိတယ်လို့ ဗဟိုဘဏ်က သတိ ပေးလိုက်ချိန်မှာ အခုလို ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်မယ့် ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ရုရှားအရာရှိတွေကတော့ ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရေး ယူပိတ်ဆို့မှုမုန်တိုင်းဒဏ်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့တယ်လို့ အငြင်းပွားရင်း ယူကရိန်းစစ်ပွဲကြောင့်ဖြစ် ပေါ်လာတဲ့ စီးပွားရေးအကျိုးသက်ရောက်မှုတွေကို အရေးမစိုက်ဘဲ လျစ်လျူရှုထားခဲ့ကြပါတယ်။

 

Ref: Russia to Hike Defense Spending by Almost 70% in 2024: Ministry

 

#PeopleMedia


Share this post