• Follow Us on

Home ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာရပ်လာရောက်ဖြေဆိုသူ ရာခိုင်နှုန်း ၉၃ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်လာရောက်ဖြေဆိုသူ ရာခိုင်နှုန်း ၈၅ ဒသမ ၁၈ ရာခိုင်နှုန်းရှိ

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာရပ်လာရောက်ဖြေဆိုသူ ရာခိုင်နှုန်း ၉၃ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်လာရောက်ဖြေဆိုသူ ရာခိုင်နှုန်း ၈၅ ဒသမ ၁၈ ရာခိုင်နှုန်းရှိ

Share this post

နေပြည်တော်၊ မတ် ၁၈

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(စနစ်သစ်) ဆဋ္ဌမနေ့ကို ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာနအပါအဝင်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစု ပေါင်း ၄၅၁၂၅ ဦးနှင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၃၅၁၀ ဦးရှိကြောင်းသိရသည်။

 

ယခုနှစ်တွင် ဇီဝဗေဒဘာသာရပ်၌ နိုင်ငံခြားစာစစ်ဌာန ခြောက်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၇၆၂ ခု စာစစ်ဌာန စုစုပေါင်း ၇၆၈ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၄၈၄၈၂ ဦးရှိပြီး လာရောက် ဖြေဆိုသူ စုစုပေါင်း ၄၅၁၂၅ ဦး၊ ပျက်ကွက် ၃၃၅၇ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ်၌ နိုင်ငံခြားစာစစ်ဌာနခြောက်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၂၈ ခု စာစစ်ဌာန စုစုပေါင်း ၈၃၄ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၉၈၀၄၁ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၃၅၁၀၊ ပျက်ကွက် ၁၄၅၃၁ ဦး ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၈၅ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သိရသည်။

 

ဆက်လက်ပြီး မတ် ၁၈ ရက် တနင်္လာနေ့တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ် ၁၉ ရက် အင်္ဂါနေ့တွင် စိတ်ကြိုက် မြန်မာစာစသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post